No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို ဆက်ထိန်းရန် မြန်မာပြည်သူများအား ကုလအထူးကိုယ်စားလှယ် မေတ္တာရပ်ခံ" မြန်မာတပ်မတော်သည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော ပြည်သူလူထူကို အကြမ်းဖက်လာစေရန် နှိုးဆွနေပြီး ပြည်သူလူထုက ဆက်လက်ပြီး အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရန် ကုလအထူးကိုယ်စားလှယ်က မေတ္တာရပ်ခံသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာသည် CNN သတင်းဌာနနှင့် သီးသန့်မေးမြန်းမှုတွင် ယင်းသို့ ထည့်သွင်းမေတ္တာရပ်ခံခြင်းဖြစ်သည်။ ကုလအထူးကိုယ်စားလှယ်သည် ၎င်း၏ တွစ်တာ စာမျက်နှာမှလည်း "ကျေးဇူးပြုပြီးငြိမ်းငြိမ်းချမ်းချမ်းနေပေးကြပါ။ တပ်မတော်က ဖြိုခွဲရခြင်းအကြောင်းပြချက်ကောင်းကိုစောင့်နေပါတယ်။မြန်မာပြည်သူ​များဘေးကင်းလုံခြုံပါစေ" ဟု ရေးသားထားသည်။ Credit: