
'' သေတဲ့သူသေကုန်ပြီ ဝန်ထမ်းတွေကရုံးတက်တုန်းလား"ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပြည်မြို့မှာ ဆန္ဒထုတ်ဖော် ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြည်မြို့ရဲ့ အာဏာရှင်ကျဆုံးရေး တော်လှန်နေတဲ့ သပိတ်စစ်ကြောင်းမှာ ပညာရေးဝန်ထမ်းမိသားစုတွေက " သေတဲ့သူသေကုန်ပြီ ဝန်ထမ်းတွေကရုံးတက်တုန်းလား"ဆိုတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ရှေ့နေတွေ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ၊ပြည်သူတွေ၊ ကျောင်းသားသမဂ္ဂဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေကလည်း အာဏာရှင်ကျဆုံးရေးအတွက် ပြည်မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာတော့ မတရားသောအမိန့်အာဏာဟူသမျှဆန့်ကျင့်ကြ၊တရားဥပဒေစိုးမိူးမှုရရှိရေး၊ဒီမိုကရေစီရရှိရေး၊ပညာရေးစနစ်မနိမ့်ပါးဖို့ အာဏာရှင်းကိုတွန်းလှန်စို့၊တို့ဝန်ထမ်းတွေညီရဲ့လားဟေ့၊တို့ပြည်သူတွေညိရဲ့လားဟေ့၊အာဏာရှင်စနစ်ကျဆုံးရေးCDM မှာပါဝင်ပေး၊အရေးတော်ပုံအောင်ရမယ် စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ Crd: