
မွန်လူငယ်အင်အားစုတွေ ၂၀၀၈ ခြေဥ မီးရှို့ဖျက်ဆီးပြီး ဆန္ဒပြ ~~~~~ ■ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ မွန်လူငယ်အင်အားစုတွေက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မီးရှို့ဖျက်ဆီးတဲ့လှုပ်ရှားမှုတွေ မတ် ၁၇ ရက်နေ့ညက ပြုလုပ်ခဲ့ကြပါတယ်။ အင်တာနက်အခြေအနေကြောင့် လှုပ်ရှားမှုအချို့ရဲ့ ပုံတွေ သတင်းအချက်လက်တွေ ပေးပို့ရတာ အခက်အခဲရှိခဲ့ကြပါတယ်။ လှုပ်ရှားမှုမှာတော့ အာဏာရှင်ဟူသမျှ ဆန့်ကျင်တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးနဲ့ အမျိုးသားတန်တူခွင့်ရရှိရေးနဲ့ မတရားဖမ်းဆီးထားသူများအားလုံးပြန်လွှတ်ပေးရေး ဆိုတဲ့ အချက် ငါးချက်နဲ့ လှုပ်ရှားနေကြပါတယ်။ Credit: