
မိတ္ထီလာတွင် ရဲနှင့်စစ်တပ်က ပစ်ခတ်သဖြင့် ဆန္ဒပြပြည်သူအချို့ဒဏ်ရာရ၊ ၂ ဦးအဖမ်းခံရ DVB မန္တလေးတိုင်း မိတ္ထီလာမြို့မှာ မတ်လ ၂၂ ရက်မနက်က ရတနာမာန်အောင်ရပ် ရေစင်ကြီး အနီးမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံပြည်သူတွေက ဆိုင်ကယ်တွေစီးပြီး ဆန္ဒပြခဲ့ရာမှာ ရဲနဲ့စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ပြည်သူတချို့ ဒဏ်ရာရပြီး အမျိုးသား ၂ ဦး ဖမ်းဆီးခံလိုက်ရတယ်။ ဆန္ဒပြအမျိုးသားတစ်ဦးက "တမြို့လုံး စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်း လေး ကြောင်းလောက်ရှိတယ်။ ရဲ ၁၅ ယောက်လောက်ပါတဲ့ အရပ်ဘက်လိုက်ထရပ်ကားနဲ့ ကျနော်တို့ ဆိုင်ကယ် သပိတ်စစ်ကြောင်းထဲ အတည့်ဝင်လာတိုက်တယ်။ မိန်းကလေး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဆိုင်ကယ်လဲကျပြီး အဖမ်းခံရတယ်။ မိန်းကလေး ၂ ဦးကိုတော့ ချက်ချင်း ပြန်လွှတ်ပေးတယ်။ လူငယ်တစ်ဦးနဲ့ ဦးလေးကြီးတစ်ဦး အဖမ်းခံရတယ်။အမည်တွေတော့ စုံစမ်းနေဆဲပါပဲ” လို့ပြောပါတယ်။ ရဲနဲ့စစ်တပ်က ဆန္ဒပြ လူအုပ်ထဲကို ရာဘာကျည်နဲ့ရော ကျည်ဆန်အစစ်တွေနဲ့ပါပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ #DVB #News #မိတ္ထီလာ http://burmese.dvb.no/archives/452988 Credit: