
စမွတ်ပရာကန် အစုအပြုံလိုက်ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်ပြီဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန အတည်ပြု . ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင် မြို့တော်ဗန်ကောက်တောင်ဘက် စမွတ်ပရာကန်ခရိုင်အတွင်းရှိ ဆောက်လုပ်ရေးတန်းလျားတစ်ခုတွင် ကိုဗစ်ကူးစက်ခံရသူ (၁၇) ဦး တွေ့ရှိခဲ့ရပြီးနောက် အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့်ဆက်စပ်မှုရှိသော လူနေရပ်ကွက်နှင့်အခြားသောဆောက်လုပ် ရေးတန်းလျားများကိုကွင်းဆက်ရှာဖွေပြီး လူပေါင်း (၅၉၃) ဦးအား ပစ်မှတ်ထားစစ်ဆေးရာတွင် ပိုးရှိလူနာ (၆) ဦး ထပ်မံတွေ့ရှိခဲ့ရသည်ဟု ရောဂါထိန်းချုပ်ရေးညွှန်ကြားရေးမှူးချုပ် ကဆိုသည်။ . ဆောက်လုပ်ရေးတန်းလျားများတွင် ရောဂါကူးစက်မှုဖြစ်စေသည့်အဓိကအကြောင်းရင်းများမှာ လူနေထူထပ်ခြင်း၊ ရေးချိုးကန်နှင့်မိလ္လာကန်များကိုစုပေါင်းသုံးစွဲခြင်း နှင့် လုပ်သားတချို့သည် ကုမ္ပဏီ မှချမှတ်ထားသောစီမံချက်များကိုချိုးဖောက်ပြီး ညဘက်တွင်ဖျော်ဖြေရေးနေရာများအလည်ထွက်ရာ မှရောဂါကူးစက်လာခြင်းဖြစ်ကြောင်း ညွှန်ချုပ်ကဆက်ပြောသည်။ . ယျေဘုယအားဖြင့် အဆောတလျင်ထိန်းချုပ်ထားနိုင်သည်ဟု ကောက်ချက်ချနိုင်ပြီး နောက်ထပ်အစုအပြုံလိုက်ကူးစက်ရန်ဖြစ်နိုင်ခြေလျော့နည်းသွားပြီဖြစ်၍ ဖြန့်ကျက်သည့်ကူးစက်မှုသာ တွေ့ရတော့မည်ဟု မှတ်ချက်ပေးသည်။ . တဆက်တည်းတွင် လုပ်ငန်းရှင်များ၏ပူးပေါင်းဆောင်ရွက်မှု နှင့် လုပ်သားများ၏မပေါ့ဆမှုသည် အလွန်အရေးပါပြီး မျက်နှာနှာခေါင်းစည်းတပ်ထားခြင်း ခပ်ခွာခွာနေထိုင်ခြင်း လူထူထပ်သည့်နေရာ များကိုရှောင်ကြဉ်ခြင်းဖြင့် ဝိုင်းဝန်းကာကွယ်ကြရန် တိုက်တွန်းထားသည်။ . သတင်း : ရွှေကရင် (ရာမညမြေ) ဓာတ်ပုံ : ศบค. . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: