No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စမွန်ဆာခွန်တွင် နာမည်ကြီးဂျပန်စားသောက်ဆိုင်မီးလောင် သန်းပေါင်းများစွာဆုံးရှုံး . မြို့တော်ဗန်ကောက်အနောက်မြောက်ဘက်တွင်တည်ရှိသော စမွတ်ဆာခွန်ခရိုင် စမွတ်ဆာခွန်မြို့နယ် ဖန်ထိုင်းနော်ရစင်းကျေးရွာအုပ်စုရှိ ဖန်ထိုင်းနော်ရစင်းနတ်နန်း နှင့်မနီးမဝေးတွင်ဖွင့်လှစ်ထားသည့် ဂျပန်အစားအစာစားသောက်ဆိုင်တစ်ဆိုင်ဖြစ်သော ကျောက်ကျူအိုကီနာဝါဆိုင်သည် ယနေ့နေ့လည် ၁၁ နာရီအချိန်တွင် မီးလောင်မှုဖြစ် ပွားခဲ့သည်ဟု သိရသည်။ . အဆိုပါမီးလောင်မှုကြောင့် ဘတ်သန်းပေါင်းများစွားဆုံးရှုံးနစ်နာမှုရှိသည်ဟု သိရပြီး ဝရိန်ဆော်ဆရာတစ်ဦးမီးလောင်ဒဏ်ရာအနည်ငယ်ရရှိသည်ဟု သိရသည်။ . အခင်းဖြစ်ပွားရာနေရာတွင် ဝရိန်ဆော်ရာမှ ထွက်ရှိလာသည့် မီးဆများသည် မီးလောင် လွယ်သည့်ဆိုင်ခန်းခေါင်မိုးပေါ်သို့လွှင့်စင်ပြီး အလွယ်တကူမီးကူးသွားသည်ဟု သိရသည်။ . အဆိုပါနေရာသည် လေတိုက်အားကောင်းသောကွင်းပြင်ဖြစ်နေ၍မီးလောင်ရာလေပင့် မှုဖြစ်စေပြီးအချိန်တိုအတွင်း မီးအားကောင်းစေ၍ အချိန်မီမငြိမ်းသတ်နိုင်ဟု သိရှိရသည်။ . မူရင်းနှင့်ဓာတ်ပုံ : บจก. มหาชัย เคเบิลทีวี သတင်း : ရွှေကရင် (ရာမညမြေ) . . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: