
အင်အားထောင်ချီ ပါဝင်သော စစ်အာဏာရှင် ဆန့်ကျင်ရေး မုံရွာ သပိတ်စစ်ကြောင်း ဧရာဝတီ၊ မတ် ၂၃၊ ၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်မှစ၍ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့်အတူ လူထုအင်အားထောင်ချီ၍ အတားအဆီးများကို ဖောက်ထွက်ပြီး နေ့စဉ်မပြတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယနေ့ (မတ် ၂၃ ရက်) တွင်လည်း လူထုအင်အားထောင်ချီပြီး ချီတက်ဆန္ဒထုတ်ဖော်နိုင်ခဲ့သလို ထိခိုက်မှုမရှိဘဲ အောင်မြင်စွာလူစုခွဲနိုင်ခဲ့ကြောင်း သိရသည်။ မတ်လ ၂၄ ရက်နေ့တွင်လည်း ပြည်သူလူထု တရပ်လုံး အနေဖြင့် အသံတိတ်သပိတ်ကို ပူးပေါင်းပါဝင်ပေးကြရန် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တိုက်တွန်းနှိုးဆော်ထားသည်။ crd ဓာတ်ပုံ - မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ #WhatsHappeningInMyanmar #RejectMilitaryCoup Credit: