
ပဲခူးတွင်ကျဆုံးခဲ့သည့် အဝတ်လျှော်အမျိုးသမီး၏ကျန်ရစ်သူကလေးသုံးဦးအတွက် အလှူငွေသိန်းသုံးရာကျော်ရရှိ . ပဲခူးတိုင်း ပဲခူးမြို့နယ်ထဲတွင် လုံခြုံရေးတပ်ဖွဲ့များပစ်ခတ်မှုကြောင့် မတ်လ ၁၄ ရက်နေ့တွင်ကျဆုံးခဲ့သည့် အဝတ်လျှော်သည်အမျိုးသမီး၏ ကျန်ရစ်သူသားသမီးသုံးဦးအတွက် အများပြည်သူလှူဒါန်းငွေစုစုပေါင်း ကျပ်သိန်းသုံးရာကျော်ရရှိထားသည်ဟု အဆိုပါမိသားစုကိုကူညီပေးနေသူက ဆိုသည်။ . “လတ်တစ်လောတွေးထားတာ သိန်း ၇ဝ လောက်တန်တဲ့ အိမ်ခြံ ၃ ခုလောက်သူ တို့နာမည်နဲ့ဝယ်ပေးထားရင်တစ်လနှစ်သိန်းလောက်ရမယ်။ဒါဆိုရေရှည်ရပ်တည်နိုင်သလို ပညာရေးအတွက်ကျန်ငွေကို တခြားလုပ်ကိုင်ပေးထားလို့ရမယ်မျှော်လင့်တယ်။ ဝိုင်းလည်းအကြံပေးကြပါ” ဟု ကိုလေးနိုင်ကဆိုသည်။ . အခင်းဖြစ်ပွားသည့်နေတွင် အိန္ဒိယနွယ်ဖွား တမဲလ်အမျိုးသမီး ဒေါ်တင်တင်ဝင်း (ခ)မစန္ဒီးမား(၃၈ နှစ်)သည် အလုပ်သိမ်းပြီး ဘူတာခုံးတံတားအောက်ဖြတ်လာချိန် ကျည်မှန်၍သေဆုံးခဲ့ပြီး မတ် ၂ဝ ရက်နေ့တွင် မီးသင်္ဂြိုလ်ခဲ့သည်။ . ကျန်ရစ်သူကလေးသုံးဦးတွင် အသက် ၁၇ နှစ်သမီး ၁ ဦး၊ အသက် ၁၁ နှစ်ရှိ လေးတန်းကျောင်းသူ ၁ဦးနှင့် အသက် ၇ နှစ်အရွယ်နှစ်တန်းကျောင်းသား ၁ ဦးပါဝင်သည်။ . ကိုးကားနှင့်ဓာတ်ပုံ : Voice of Myanmar . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: