No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေးမှာ နေရာတချို့ပဲ အသံတိတ်သပိတ်မှာပါဝင်နိုင် ဒီနေ့ မတ်လ ၂၄ ရက် အသံတိတ် သပိတ်အနေနဲ့ မန္တလေးမြို့ရဲ့ နေရာတချို့မှာ ပြုလုပ်တာရှိပေမယ့် မြို့နယ်တချို့ရပ်ကွက်မှာတော့ ပုံမှန်သွားလာနေကြပါတယ်။ အင်တာနက်လိုင်းတွေ ဖြောက်တောက်ခံထားရလို့ တချို့တွေက မသိဘဲ ဈေးဖွင့်တာ၊ အပြင်သွားလာသူတွေ ရှိသလို ပင်စင်လစာထုတ်သူတွေလဲ ရှိတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ "မနက်အစောကတည်းက ဆိုင်ကယ် တဝီဝီနဲ့ သွားနေကြတာပဲ။ ခေါင်းရွက် ဗျပ်ထိုးသည်တွေလဲ လာတာပဲ။ နေ့လုပ်နေ့စားတွေက ဒီအသံတိတ်သပိတ်ကို ဖုန်းလိုင်းတွေမရတော့ ဘယ်လိုလုပ်သိမှာလဲ။ သူတို့ကို အပြင်ထွက်လို့ဆိုပြီး အပြစ်တင်လို့မရဘူး "လို့ ချမ်းအေးသာစံမြို့နယ် ဒေသခံတဦးက ပြောပါတယ်။ စစ်တပ်နဲ့ရဲတို့ရဲ့ အကြမ်းဖက်ပစ်ခတ်လို့ ကျဆုံးသွားသူတွေအတွက် ငြိမ်သက်တိတ်ဆိတ်ပေးတာ၊ စစ်ကောင်စီက မြို့ရွာတွေ ပုံမှန်အတိုင်းဖြစ်ပြီလို့ ပြောဆိုသုံးနူန်းတာကို ခြေဖျက်တဲ့အနေနဲ့ မတ်လ ၂၄ ရက်နေ့ကို ဈေးဆိုင်အားလုံးပိတ်၊ လမ်းပေါ်မည်သူမှ မထွက်ဘဲ အိမ်မှာပဲနေ အပြင်မထွက်ကြတဲ့ အသံတိတ်သပိတ်ကို တိုင်း၊ ပြည်နယ်တွေမှာ ပြုလုပ်ကြတာဖြစ်ပါတယ်။ Credit: