No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကြည့်မြင်တိုင် အသံတိတ်သပိတ် ~~~~~~ ■ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ အသံတိတ်သပိတ်ကို ဒီနေ့ တွေ့ရတာဖြစ်ပါတယ်။ မနေ့ညက ရန်ကုန်မြို့က ရပ်ကွက်တချို့မှာ ရဲကားတွေနဲ့ အများပြည်သူတွေ ပုံမှန်အတိုင်းသွားလာနိုင်ပြီး စိတ်အေးချမ်းသာစွာ ရောင်းဝယ်ဖောက်ကားနိုင်ကြောင်း အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့ပေမဲ့ ဒီနေ့မှာတော့ ဆိုင်အများစု ပိတ်ထားပြီး လမ်းတွေပေါ်မှာ လူအသွားအလာနည်းပါးတာကို တွေ့နေရတာပါ။ မြို့ရွာတွေမှာ ပုံမှန်အတိုင်း ပြည်သူတွေ အေးချမ်းစွာသွားလာနေကြောင်းကို ပုံဖော်လိုတဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကို ချေဖျက်ဖို့နဲ့ ‌နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်ကို ပြသတဲ့အနေနဲ့ ဒီတစ်ရက်တာ အိမ်မှာနေပြီး Silent Strike အသံတိတ်သပိတ်ကို လုပ်ဆောင်တာလို့ သိရပါတယ်။ Credit: