No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကောင်စီ၏ တပ်မတော်နေ့အခမ်းအနားသို့ ရုရှားအပါအဝင် နိုင်ငံရှစ်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် နေပြည်တော်၊ မတ် ၂၇ ယနေ့ မတ်လ ၂၇ရက်တွင် စစ်ကောင်စီမှ ကျင်းပသော တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ ရုရှားနိုင်ငံမှ ကာကွယ်ရေးဒုဝန်ကြီး Alexander Fomin နှင့်ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ပြီး ကာချုပ်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အဆိုပါ စစ်ကောင်စီ၏ အခမ်းအနားသို့ ရုရှားအပြင် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ စေလွှတ်ခဲ့တယ်လို့ Nikkei Asia ၏ သတင်းဖော်ပြချက်အရ သိရပါတယ်။ Credit: