No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပွင့်ဖြူမှာ ဆန္ဒပြသူတွေလို့ ရဲစခန်းကနေပစ်လို့ တစ်ဦးသေဆုံး မကွေးတိုင်းပွင့်ဖြူမြို့မှာ လှည့်လည်ဆန္ဒပြကြသူ လူအုပ်စုထဲကို ဒီကနေ့မနက် ၁၀ နာရီ ဝန်းကျင် လောက်က ရဲစခန်းထဲကနေ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် လူတစ်ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ အဖမ်းခံရသူလည်း ၆ ယောက် ရှိခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ သေဆုံးသူက ပေါင်ကို သေနတ်ကျည်ထိမှန်ပြီးသေဆုံးသွားခဲ့သူက ကျောင်းကုန်းကြီးကျေးရွာသား အသက် ၃၈ နှစ်အရွယ် ကိုမင်းဇော်ထွေး ဖြစ်တယ်လို့ သူထိမှန်တဲ့နေရာမှာ ကူညီပေးခဲ့သူ ကိုအောင်က ဘီဘီစီကိုပြောပါတယ်။ ဘီဘီစီမြန်မာပိုင်း Credit: