
ကေအိုင်အေ တပ်စခန်း ၃ ခုကိုအကြမ်းဖက် စစ်ကောင်စီရဲ့လေတပ်က ဂျက်လေယာဉ်ဖြင့် တိုက် DVB မြစ်ကြီးနားအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်က KIA တပ်စခန်း ၃ ခုကို မတ်လ ၂၉ ရက် ညနေပိုင်းမှာ ဂျက်လေယာဉ်နဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ အရာရှ်ိတစ်ဦးထံက သိရပါတယ် ဒီနေ့ညနေ ၄ နာရီခွဲမှာ KIA တပ်မဟာ ၂ လက်အောက်တပ်ရင်း ၁၄ ဌာနချုပ်တပ်စခန်းကို လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ၅နာရီ ၅၅ မိနစ်မှာ ယခင် တပ်ရင်း ၁၁ တပ်စခန်းဟောင်းနေရာနဲ့ ၆ နာရီအချိန် တပ်ရင်း ၁၁ တည်ရာ တောင်ကုန်းစခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုမှာ KIA ဘက်က တစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ #dvbtvnews #photo Credit: