30
Mar

မုဒုံမြို့က လူမဲ့သပိတ် ~~~~~ ■ မွန်ပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို မပြုလုပ်နိုင်စေဖို့ ရဲနဲ့စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေ လုံခြုံရေးတင်းကျပ်တာတွေ ရှိနေပါတယ်။ မုဒုံမြို့မှာတော့ ရဲနဲ့စစ်တပ် အတားအဆီးတွေကြားထဲက မုဒုံမြို့ဒေသခံတွေက လူမဲ့သပိတ်ကို မတ် ၂၉ ရက်နေ့ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။ မုဒုံမြို့မှာ လုံခြုံရေးတွေတင်းကျပ်ထားပြီး ရဲနဲ့စစ်တပ်ရဲ့အတားအဆီးတွေ ရှိနေပေမယ့် စစ်အာဏာရှင်အမြစ်ပြတ် တိုက်ဖျက်ရေးအတွက် နည်းမျိုးစုံနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မုဒုံမြို့လူငယ်တွေက RFA ကို ပြောပါတယ်။ Credit: