
ကလေးမြို့ နတ်ချောင်းရွာမှာ ဆန္ဒပြသူ တစ်ဦးသေဆုံး ~~~~~ ■ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာအနီးမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆန္ဒပြသူတွေပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ရှစ်ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသားတစ်ဦး ဦးခေါင်းကို ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ပစ်ခတ်မှုတွေရှိနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ကလေးမြို့နယ်က ဆန္ဒပြပြည်သူတွေဟာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြန်လှန်ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အပြင်းအထန်ဖြိုခွဲခံရမှုတွေရှိနေပေမယ့် ကလေးမြို့က ဆန္ဒပြပြည်သူတွေဟာ ထိုင်သပိတ် ဆန္ဒပြပွဲတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ Credit: