No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရန်ကုန်မှာ သူနာပြုအုပ်ဆရာမကြီးကို ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုး မြန်မာနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေးထိုး မှုအစီ အစဉ်ကို ဒီကနေ့ဇန်နဝါရီ(၂၇) ရက်မှာ စတင်ပါပြီ။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ . ရန်ကုန်ဆေးရုံကြီးနဲ့ ဧရာဝတီကုသရေးစင်တာတွေမှာ ထိုးဖို့ စီစဉ်ထားပါတယ်။စစချင်းမှာရန်ကုန်တိုင်းအတွင်း လူဦးရေ (၃၀၀)ကိုထိုးပေးမှာပါ။ကိုဗစ်ကာကွယ်ဆေးစထိုးနှံခံရသူကတော့ အသက်(၅၇) နှစ်အရွယ် ရန်ကုန်ဆေးရုံကြီးက သူနာပြုအုပ်ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။သူဟာရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်း ၂၀၀၀၀ကျော်ထဲမှာ ပထမဆုံးကာကွယ်ဆေး ထိုးနှံရသူအဖြစ်မှတ်တမ်းတင်သွားပါပြီ။ . အခုထိုးတဲ့ အိန္ဒိယက ကိုဗစ်ရှိးကာကွယ်ဆေးက နှစ်ကြိမ်ထိုးရမှာပါ။ဒါ့ကြောင့် ဒီနေ့ကနေ နောက်ထပ် ၂၁ ရက်အကြာမှာ ဒုတိယ အကြိမ် ထပ်ထိုးရမှာပါ။တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှာဒီနေ့စထိုးကိုဗစ်ကာကွယ် ဆေးတွေကအိန္ဒိယနိုင်ငံက လူဒါန်းထားတဲ့ ဆေးအလုံးရေ၁ဒသမ၅ သန်းထဲကပါ။အဲဒီထဲကနေ နိုင်ငံ့အကြီးအကဲတွေ၊အသက်၆၅ နှစ်နဲ့အထက် သက်ကြီး ရှယျအျိုတှကျေိုဆကျထိုးပေးဖို့ရှိပါ တယ်။အိန္ဒိယကဝယ် ထားတဲ့ လူဦးရေ၁၅ သန်းစာကိုဗစ်ကာကွယ်ဆေးတွေလည်း လာမယ့်လထဲမှာထပ်ရောက်ဖို့ရှိနေပါတယ်။ ကိုကား=ဘီဘီစီမြန်မာပိုင်း #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife Crd