
အမှုဖွင့်ခံထားရတဲ့ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေအပြင် စာပေ၊ သဘင်နဲ့ သတင်းမီဒီယာနယ်ပယ်တွေက လူပုဂ္ဂိုလ်အချို့ကို ဘယ်လိုမီဒီယာနည်းလမ်းနဲ့မဆို မဖော်ပြဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးတားမြစ်စာတစ်စောင်ကို ထုတ်လာပါတယ်။ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်ခံထားရတယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံတွေကနေ ကြေညာခံထားရတဲ့ စာပေ၊ဂီတ၊ရုပ်ရှင်၊လူမှုကွန်ယက်နယ်ပယ်တွေမှာ ထင်ရှားသူအယောက် ၇၀ ဝန်းကျင် ရှိနေပါတယ်။ ဒီသတင်းအပါအ၀င် ဘီစီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှုကို https://www.bbc.com/burmese/live/burma-56582387 မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။