
စက်မှုစုပေါင်းသပိတ်စစ်ကြောင်း ဆက်လက်ချီတက် DVB မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ စက်မှုစုပေါင်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရာမှာ လမ်းလျှောက်ချီတက်တာ၊ ဆိုင်ကယ်နဲ့ ချီတက်တာတွေရှိပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။ စက်မှုသပိတ်စစ်ကြောင်းဟာ ဘယ်လိုအတားအဆီးတွေရှိရှိ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နေ့စဉ်ချီတက်နေတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။ #DVB #News #Photo