
"လုံခြုံရေးအင်အားအများအပြားချထားသော်လည်း ပျဉ်းနားမြို့၏အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဆက်လုပ်" ယနေ့နေပြည်တော်နယ်မြေတစ်ခုလုံးတွင် ရဲနှင့် စစ်သားအင်အားအများအပြားဖြင့်လုံခြုံရေးထူထပ်စွာ ချထားသည့် အတွက် မူနေရာမှရွှေ့ပြောင်းပြီး ပျဉ်းမနားမြို့အရှေ့ဘက် အဝေရာဆည်အနီးရှိ ဆင်ဖြူတောင်ခြေတွင် စစ်အာဏာရှင် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ နေပြည်တော်သပြေကုန်း၊ ပျဉ်းမနား ဗိုလ်ချုပ်ကြေးရုပ် ရှမ်းကန်းရှေ့အပါအဝင် ဆင်ရုပ်၊ မြင်းရုပ်နှင့် အဓိကကျသည့် လမ်းဆုံနေရာမှာ၌ လုံခြုံရေးထူထပ်စွာချထားသဖြင့် မူလကထိုင်သပိတ်ပြုလုပ်ရန်စီစဉ်ထားသည့် ဆင်ရုပ်မှ ဆင်ဖြူတောင်တွင် စုရပ်လုပ်ကာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပါဝင်သူတစ်ဦးက ဆိုသည်။ ဆန္ဒထုတ်ဖော်မှုတွင် ပညာရေးဌာနမှ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ကောင်းသားသမဂ္ဂများအဖွဲ့နှင့် ဒေသခံကျေးရွာသားများအပါဝင် လူထောင်ဂဏန်းနီးပါးပါဝင်ခဲ့ကြသည်။ ဓာတ်ပုံ - သန်းတိုးအောင် Credit: