No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွေးကောက်ပွဲ ဆိုင်ရာ တင်းမာမှုများကြောင့် အ မေရိကန်တွင် ပြုလုပ်ထားပြီးဖြစ် သော အစီအစဉ်တစ်ခုအနေဖြင့် မိမိတို့ လူမှုမီဒီယာက နိုင်ငံရေး အဖွဲ့များကို အသုံးပြုသူများသို့ ထောက်ခံပေးနေမှုများအား ရပ် တန့်မည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မာ့ခ်ဇူကာဘက် က ပြောကြားသည်။ အိမ်ဖြူတော်တွင် ဒေါ်နယ် ထရန့် အင်အားကြီးလာခဲ့ခြင်း အပါအဝင် နိုင်ငံရေးဆိုင်ရာ အ ငြင်းပွားစရာများကြောင့် ထိခိုက် ခဲ့သည့် ၎င်းတို့ပုံရိပ် ပြန်ကောင်း လာစေရန် ဖေ့စ်ဘွတ်ခ်က ကြိုး စားနေသည်။ World News | နှင်းမုန်တိုင်းကြောင့် သောင်တင်နေသော ကျန်းမာရေးလုပ်သားများက အနီးအနားရှိ ယာဉ်မောင်းများအား COVID-19 ကာကွယ်ဆေးထိုးပေး Advertorial | KBZPay က ချေးငွေ Customer တွေအတွက် Credit Score တစ်ခု တည်ဆောက်နိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေဝန်ဆောင်မှု စတင်ပေးအပ်ခဲ့တဲ့အကြောင်း မိမိတို့အနေဖြင့် ယင်းအစီ အစဉ်ကို ရေရှည်ပြုလုပ်ရန် ရည် ရွယ်ထားကာ ကမ္ဘာတစ်ဝန်း တိုး ချဲ့ပြုလုပ်မည်ဖြစ်ကြောင်း ဇူကာ ဘက်က ပြောကြားသည်။ သဘောထားကွဲလွဲစေသော ပြောဆိုမှုများအား လျှော့ချရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအ ဖြစ် အသုံးပြုသူများ၏ အဓိက သတင်းဖော်ပြသော စာမျက်နှာ တွင် နိုင်ငံရေးနှင့် သက်ဆိုင်သော ဖော်ပြချက်များအားလည်း လျှော့ ချမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ဖေ့စ်ဘွတ်ခ်က ဒေါ်နယ် ထရန့်အား ပိတ်ပင်မှုဆက်ရှိနေ သင့်၊ မသင့်ဆိုသည်ကို ၎င်းတို့၏ အမှီအခိုကင်းသော ပညာရှင်များ အား မေးမြန်းထားသည်။ ဇန်နဝါရီ ၆ ရက်က ထရန့် ထောက်ခံသူများ လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့ကြပြီးနောက် ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ် တို့က ၎င်းကို တားမြစ်ခဲ့သည်။ နိုင်ငံရေးနှင့် ဆက်စပ်သော အကြံပြုချက်များအား ရုပ်သိမ်း ရန် ဆုံးဖြတ်ချက်မှာ အသုံးပြုသူ များ၏ ပြန်လည်အကြံပြုမှုများမှ ထွက်ပေါ်လာခြင်းဖြစ်ကာ တစ် ကမ္ဘာလုံးအတိုင်းအတာဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဇူကာ ဘက်က ပြောကြားသည်။ —Ref: AFP Credit: