No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆိုင်ကလုန်းမုန်တိုင်းယာစ် နောက်နှစ်ဆယ့်လေးနာရီအတွင်း အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ရောက်ရှိမည် (၂၀၂၁ ခုနှစ်၊ မေလ(၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက် ကိုဖော်ပြပေးလိုက်ပါတယ်။ (က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(Yaas)” သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲမြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၂၅၀)မိုင်ခန့်၊ ပုသိမ်(Pathein)မြို့၏ အနောက်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(Yaas)”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ (ခ) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(Yaas)”၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း အဆိုပါဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(Yaas)”သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၆.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၇) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၆၀)နှုန်း ဖြစ်ပါသည်။ (ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် အဆိုပါဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(Yaas)”သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာနောက်(၁၂)နာရီအတွင်းအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)“ယာစ်(Yaas)”အဖြစ်သို့လည်းကောင်း၊ နောက်(၂၄) နာရီအတွင်းအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)“ယာစ်(Yaas)”အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ (ဃ) သတိပေးနှိုးဆော်ချက် (၁) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(Yaas)”၏အရှိန်ကြောင့် ယနေ့ နေ့လယ်မှ နောက်(၄၈)နာရီအတွင်းပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (၂) မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ(၁၃)ပေမှ (၁၇)ပေခန့်ရှိနိုင်ပါ သည်။ (၃) မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါ သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။ (င) အကြံပြုချက် အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(Yaas)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ Source- မိုးဇလ Credit: