No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အမေရိကန်မှာ ကာကွယ်ဆေး ပြတ်လပ်မယ့် အခြေအနေတွေ ကြုံတွေ့လာရ ဇန်နဝါရီ - ၁၆ ၊၂၀၂၁ အမေရိကန်က ပြည်နယ် တချို့မှာ ကာကွယ်ဆေး မလုံလောက်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရကြောင်း သိရပါတယ်။ အမေရိကန်မှာ Pfizerနဲ့ Moderna ကုမ္ပဏီ နှစ်ခုက ထုတ်လုပ်ထားတဲ့ Covid-19 ကာကွယ်ဆေးတွေကို အလုံးအရင်းနဲ့ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်နယ် အသီးသီးက ကာကွယ်ဆေးထိုး စင်တာတွေမှာ အသုံးပြုလိုက်တဲ့ ဆေးအရေအတွက်ကို အသစ်ရောက်လာတဲ့ ဆေးတွေက ဖြည့်တင်းမပေးနိုင်တဲ့အတွက် ဆေးဝါး ပြတ်လပ်တဲ့ အခြေအနေတွေ ကြုံလာရပါတယ်။ အမေရိကန်ရဲ့ လူဦးရေ အထူထပ်ဆုံး မြို့ကြီးဖြစ်တဲ့ နယူးယောက်မှာ လူ ၃ သိန်းကို ကာကွယ်ဆေး ထိုးပေးထားပြီးပေမယ့် နောက်တစ်ပတ်ဆိုရင် ကာကွယ်ဆေးတွေ ကုန်သွားမယ့် အခြေအနေ ရှိနေကြောင်း မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက ဝန်ခံခဲ့ပါတယ်။ နယူးယောက်က ကာကွယ်ဆေး ထိုးပေးတဲ့ စင်တာတွေဆီ တစ်ပတ်ကို ဆေးအလုံးရေ တစ်သိန်းလောက်သာ ပို့ပေးနိုင်ကြောင်း၊ ဒါပေမဲ့ ပထမဆုံး လေးရက်မှာတင် ဆေးအလုံးရေ တစ်သိန်းနှစ်သောင်း ငါးထောင် လိုအပ်နေခဲ့ကြောင်း မြို့တော်ဝန်က ဆိုပါတယ်။ ကာကွယ်ဆေးတွေ အလျင်မီအောင် မဖြည့်တင်းနိုင်တဲ့အတွက် ပြည်နယ်တချို့က ကာကွယ်ဆေး စင်တာတွေ လုပ်ငန်းလည်ပတ်မှုကို ယာယီ ရပ်ဆိုင်းထားရမယ့် အခြေအနေလည်း ကြုံနေရပါတယ်။ ကာကွယ်ဆေး စတင် တီထွင်နိုင်တဲ့ အချိန်ကျရင် အမေရိကန်မှာ ဆေးဝါး မပြတ်လပ်အောင် ဖြည့်တင်းနိုင်မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ကတိပြုထားဖူးပေမယ့် လက်တွေ့မှာတော့ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရဆဲပါ။ အမေရိကန်တင် မကဘဲ ဥရောပမှာလည်း Pfizerဆီက ကာကွယ်ဆေးတွေ မူလ မျှော်မှန်းထားတဲ့ ပမာဏလောက် အချိန်မီ ရောက်မလာနိုင်တဲ့အတွက် ဆေးပြတ်လပ်မှုတွေ ဖြစ်လာနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားကြပါတယ်။ Credit: