No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မိုးသည်းထဲဆန္ဒပြကြတဲ့ ပေါင်မြို့နယ်က ပြည်သူများ DVB မွန်ပြည်နယ်၊ ပေါင်မြို့နယ်‌မှာ မေလ ၂၆ ရက်က မိုးသည်းထန်စွာ ရွာနေပေမယ့် ပြည်သူ‌ကတော့ အကြမ်းဖက်စစ်အာဏာရှင်ကို လက်မခံနိုင်ကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပေါင်မြို့နယ်ပြည်သူတွေကတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျတဲ့အထိ နွေရောမိုးရော ဆက်လက် တော်လှန်သွားမယ်လို့ ဆိုကြပါတယ်။ ပေါင်မြို့နယ်က ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ‌လက်မခံနိုင်ကြောင်း သပိတ်မျိုးစုံ ပြုလုပ်ပြီး နေ့စဉ် ရက်ဆက် ဆန္ဒထုတ်ဖော်နေတာပါ။ #DVB #News #Photo Credit: