
NUG နဲ့ CNF သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ ဒီနေ့မှာပဲ စစ်ကောင်စီနဲ့ PDF တို့ ကန်ပက်လက်မှာ တိုက်ပွဲပြင်းထန်နေ (၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်) ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်တွေ နဲ့ ဒေသကာကွယ်ရေးတပ် PDF တွေ မေ ၂၈ ရက်ကတည်းကစပြီး ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ RFA Burmese ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါဆယ်။ မနေ့က မင်းတပ်မြို့ကနေ ကန်ပက်လက်မြို့ထဲကို ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ် PDF တွေက မင်းတပ်နဲ့ ကန်ပက်လက်မြို့အစပ် မကြား ကျေးရွာအနားမှာ အဝင်မခံဘဲ ပြန်ခုခံနေတာလို့ သိရတယ်။ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် မကွေးတိုင်း ကျောက်ထုဘက်ကနေလည်း နောက်ထပ် စစ်အင်အားထပ်ဖြည့်နိုင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် အကူညီလိုနေတယ်လို့လည်း PDF တပ်ဖွဲ့ဝင် တစ်ဦးပြောတယ် လို့ RFA သတင်းမှာဖော်ပြထားပါတယ်။ ဒီနေ့ နေ့လည်ခင်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြား နှစ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးစီးတဲ့ အကြောင်း NUG ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သဘောတူညီချက်တွင် NUG နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဖြင့် အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အခြား အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုကိစ္စများပါဝင်တယ်လို့ သိရပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) သည် NUG နှင့် ယခုကဲ့သို့သော သဘောတူစာချုပ် တရားဝင်ရေးထို့းသည့် ပထမဆုံးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်လို့ သိရပါတယ်။ Source - RFA Burmese ၊ National Unity Government of Myanmar Credit: