No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

'အိန္ဒိယမှပေးပို့သည့် ကိုဗစ်ကာကွယ်ဆေးများ' အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးများ ယနေ့မွန်းလွဲ ၂နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ အိန္ဒိယနိုင်ငံထုတ် Covishield ခေါ် ကိုဗစ်ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို ပေးပို့လှူဒါန်းခြင်းဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးကို ရှေ့တန်းရှိ ကျန်းမာရေးဝန်ထမ်း၊ အဓိကကျသော အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို လာမည့်တစ်ပတ်အတွင်း စတင်ထိုးနှံမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် ပြောကြားထားသည်။ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) Crd