
မနေ့က မန္တလေးမြို့မှာ အကြမ်းဖက်ဖြိုခွဲမှုတွေ ရှိခဲ့ပေမယ့် သည်ကနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူတွေများပြားတာကိုတွေ့ရပါတယ်။ မန္တလေးမြို့ရဲ့ နေရာအနှံ့အပြားမှာ လမ်းလျှောက် ဆန္ဒထုတ်ဖော်နေသူတွေရှိသလို ၆၂ လမ်း ၊ မနော်ဟရီလမ်းထောင့်မှာ လူဦးရေ သိန်းချီဟာ ထိုင်သပိတ် ပြုလုပ်ကာ ဆန္ဒဖော်ထုတ်နေပါတယ်။ ထိုင်သပိတ်ပြုလုပ်နေတဲ့ ဘေးပတ်ဝန်းကျင်မှာလည်း ပြည်သူတွေကိုယ်တိုင် လုံခြုံရေးရယူထားပြီး စစ်အာဏာရှင်က အလွယ်တကူမဖြိုခွင်းနိုင်အောင် မော်တော်ယာဥ်တွေနဲ့ ပိတ်ဆို့ကာကွယ်ထားပါတယ်။ မနတလေးမြို့ခံပြည်သူတွေ ၊ကျန်းမာရေးဝန်ထမ်းတွေ ၊ အင်ဂျင်နီယာတွေ ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ ရှေ့နေတွေ နဲ့ အခြားသော CDM လုပ်တဲ့ ဝန်ထမ်းတွေလည်း ဆန္ဒဖော်ထုတ်တာကိုတွေ့ရပါတယ်။ AK Credit: