No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မူဆယ် အရှေ့ဘက် မှာ KIA နဲ့ တပ်မတော် မနေ့က တစ်‌နေ့လုံး တိိုက်ပွဲဖြစ်ပွါးခဲ့ ~~~~~ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် အရှေ့ဘက် KIA တပ်မဟာ ၆ တပ်ရင်း ၉ ဒေသမှာ တပ်မတော်မှ စစ် ကြောင်းများ တိုးချဲ့လာတာကြောင့် မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့ တစ်‌နေ့လုံးတိိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း KIO/KIA သတင်း နှင့်ပြန်ကြားရေး တာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောကြားလိုက်တယ်လို့ ဒေသခံမီဒီယာများမှ တစ်ဆင့် သိရှိရပါတယ်။ KIA တပ်မဟာ ၆ တပ်ရင်း ၉ ဒေသ တပ်ရင်း ရုံးနေရာနှင့် အရပ်ဖက်ဌာန နေရာများသို့ တပ်မတော်မှ စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်အင်အားများတိုးချဲ့လာတဲ့အတွက် တိုက်ပွဲများ ဖြစ်ပွါးပြီးနောက် ညဘက်မှာ စစ်ကြောင်းများ ပြန်ပြီးတိုးချဲ့ထားတယ်လို့ သိရှိရပါတယ်။ အခုလို တပ်မတော်က စစ်ကြောင်းများ တိုးချဲ့လာတာက ဖေဖော်ဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွေမှာ အဲ့ဒီနေရာများမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ အထိနာခဲ့ခြင်း ကြောင့် စစ်အင်အားများ ပြန်ဖြည့်ခြင်း ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။ #WeNews #တပ်မတော် #KIA Credit: