
သန္ဓေတားဆေးကြောင့် သွေးခဲနိုင်ခြေပိုမိုမြင့်မားစေ၍ ကာကွယ်ဆေးမထိုးမီ ၁၄ ရက်ရပ်ထားရန် ဆရာဝန်တိုက်တွန်း . ဟတ်ယိုင်ဆေးရုံရှိ ဆရာဝန်အကူတစ်ဦးဖြစ်သူ နရိလင် အန်ထောင်း အသက် ၃၂ သည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် ပထမအကြိမ် စီနိုဗက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် အသက်သေဆုံးခဲ့ သည်ဟု သိရသည်။ . သမီးဖြစ်သူမှာ ကာကွယ်းဆေးထိုးနှံပြီးနောက် ရင်တုန်သည့်ဝေဒနာကိုခံစားရကြောင်း၊ ၂ ရက် ၃ ရက်အကြာတွင်သတိလစ်သွားခြင်းကြောင့် စိခရင်ဆေးရုံတွင်ဆေးကုသမှုခံရယူခဲ့ကြောင်း၊ ဆေးရုံမှ ပြန်လာပြီးနောက် သန့်စင်ခန်းထဲတွင်သတိလစ်သွားပြီးမျက်နှာသစ်ကန်နှင့်ခေါင်းဆောက်မိ၍ ဟတ် ယိုင်ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း၊ ထို့နောက် မေလ ၂၇ ရက်နေ့တွင်သမီးဖြစ်သူသည်သွေးကြောအ တွင်းသွေးခဲသည့်လက္ခဏာဖြင့်အသက်သေဆုံးခဲ့ကြောင်း မိခင်ဖြစ်သူ ဖတ်ချရီ အန်ထောင်း အသက် ၆ဝ ကဆိုသည်။ . လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးမထိုးမီ သန္ဒေတားဆေးရပ်ထားရမည့်တားမြစ်ချက်မရှိသေး ကြောင်း၊ သာမာန်အားဖြင့် သန္ဓေတားဆီးသည် ပုံမှန်လူများမှာပင်လျှင်သွေးခဲနိုင်ခြေကိုလှုံ့ဆော်ပေး ကြောင်း၊ ယခုသေဆုံးမှုသည် တိုက်ဆိုင်မှုတခုဖြစ်နိုင်ကြောင်း၊ စီနိုဗက်ကာကွယ်ဆေးကြောင့် သွေးခဲ နိုင်သည့်အစီရင်ခံချက်များမရှိသေးကြောင်း၊ AstraZeneca ကာကွယ်ဆေးကသာ တချို့သော အသက်အရွယ်ရှိလူများတွင် သွေးခဲနိုင်သည့်အစီရင်ခံစာများတွေ့ရှိရကြောင်း အသက်ရှူလမ်းကြောင်း အထူးကုဆရာဝန် ဒေါက်တာ မနွန် လီချေဝန်ဝန်ကဆိုသည်။ . သန္ဓေတားဆေးပုံမှန်သောက်သုံးနေသောအမျိုးသမီးများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအပါ အဝင် အခြားကာကွယ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေကိုလျှော့ချနိုင်ရန်အတွက် ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ အနည်းဆုံး ၁၄ ရက်ရပ်ထားသင့်ကြောင်း ကျူလာလောင်ကွန်းတက္ကသိုလ်၊ ဆေး ပညာဌာန၊ ရောဂါအသစ်ကျန်းမာရေးသိပ္ပံဗဟိုဌာနအုပ် (Emerging Disease Health Science Center ) ပါမောက္ခ ဒေါက်တာ ထီရဝပ် ဟေးမကျုထာကဆိုသည်။ . အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်ပြီး ကာကွယ်ဆေးနှင့်သက်ဆိုင်မှုရှိမရှိအနည်ပြုနိုင်ရန် ရင်ခွဲရုံအဖြေကိုစောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ တိကျသည့်အဖြေကိုသာစောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အဖြေကိုကျန်းမာရေးဝန်ကြီးဌာနထံပေးပို့မည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ကိုဗစ်-၁၉ ဗဟိုဌာနမှ တိကျသည့်အချက်အလက်များကိုထုတ်ပြန်သွားမည်ဖြစ်ကြောင်း စုန်လာခရိုင် ပြည်သူ့ကျန်းမာရေးဌာန ကဆိုသည်။ . Ref: ข่าวช่องวัน Photo : โรงพยาบาลหาดใหญ่ . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Postbykyawkyawoo Credit: