
အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး၏ထိုင်းခရီးစဉ်တွင် မြန်မာအရေးဆွေးနွေး . ယနေ့ (ဇွန် ၂) နံနက် ၉ နာရီခွဲအချိန်တွင် အမေရိကန်ပြည်ထောင်စု ဒုနိုင်ငံခြားရေးဝန်ကြီး H.E. Mrs. Wendy R. Sherman သည် ထိုင်းဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ပြီး ပရာယွဒ် ကျန်အိုချာ ကိုထိုင်းအစိုးရအိမ်တော်တွင်တွေ့ဆုံခဲ့ပြီး မြန်မာအရေးဆွေးနွေးဖြစ်ခဲ့ကြသည်ဟု သိရသည်။ . မြန်မာ့နိုင်ငံရေးကိုအနီကပ်စောင့်ကြည့်ခဲ့ကြောင်း၊ ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအတွက် ထိုင်းနှင့် အာဆီယံနိုင်ငံများကအပြုသဘောဆောင်သည့်ဘက်မှချည်းကပ်မည်ဟုယုံကြည်ကြောင်း၊ မည်သို့ဆို စေ ထိုင်းနိုင်ငံအပေါ်တိုက်ရိုက်သက်ရောက်မှုရှိသော စစ်ဘေးရှောင်များအရေးကိုစိုးရိမ်ကြောင်း ဒုဝန် ကြီးကဆိုသည်။ . ထို့နောက် ထိုင်းနိုင်ငံအနေဖြင့် စစ်ဘေးရှောင်များကိုလူသားချင်းစာနာထောက်ထားမှုမူဘောင်အတွင်း ကာကွယ်စောင့်ရှောက်မှုပေးသည့်အတွေ့အကြုံများစွာရှိကြောင်း၊ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ပြဿနာဖြေရှင်းရေးကိုဦးတည်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်မှပြန်လည်ပြောကြားခဲ့သည်။ . ထို့ပြင် ဗဟုမိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး အာဆီယံဒေသနှင့်မဲခေါင်ဒေသခွဲတွင် ဝါရှင်တန်၏အပြုသဘောဆောင်သည့်အခန်းကဏ္ဍကို ဘန်ကောက်အစိုးရမှအသိအမှတ်ပြုကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ . ထိုင်း-အမေရိကန် သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၁၈၈ ကျော်ခိုင်ခံ့ခဲ့ပြီဟု သိရသည်။ . Ref: ไทยคู่ฟ้า Photo : ไทยคู่ฟ้า . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Postbykyawkyawoo Credit: