
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့တရားစွဲဆိုခံရတဲ့အမှုအတွက် ဇွန် (၁၇) ရက်ကို ရုံးချိန်းပြန်ချိန်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃(၁)/ဂ နဲ့တရားစွဲဆိုထားတာအတွက် ဒီနေ့ရုံးချိန်းရှိပေမယ့် အမှုတွဲဟာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ မရှိတော့တာကြောင့် ဘာမှမစစ်ဆေးနိုင်ခဲ့ပါဘူး။ နောက်ရုံးချိန်းကို ဇွန်လ (၁၇)ရက်ကို ချိန်းဆိုခဲ့တာပါ။ "ရန်ကုန်မှာ အမှုတွဲမရှိတော့ ဘာမှမရှိဘူး။ ရုံးချိန်းပဲပေးတာ။ နေပြည်တော်မှာ လူချင်းတွေ့ခွင့်ရတုန်းက နေပြည်တော်ကအမှုတွေအတွက်ပဲပြောဖြစ်တာ။ နာရီဝက်ပဲအချိန်ရခဲ့တာလေ။ ရန်ကုန် ဒီအမှုအတွက်လည်း သီးသန့်လူချင်းတွေ့ခွင့်ရဖို့လည်း တင်ထားတာလည်းရှိတယ်" လို့ ဒီအမှုအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဘီဘီစီကိုပြောပါတယ်။ ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57242648 Credit: