No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကော့စမွီကျွန်းပေါ်ရှိ ရဲစခန်းအတွင်း အချုပ်နှောင်ခံ မြန်မာ အမျိုးသမီး ၁ ဦးအပေါ် အလိုမတူ သားမယား ပြုကျင့်မှု (မုဒိန်းမှု) ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြန်မာသံရုံးက ကိုယ်စားများ၊ အလုပ်သမားစောင့်ရှောက်ရေးကော်မတီများ နှင့်ထိုင်းရဲတပ်ဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၊ ပထမ နေ့အဖြစ်တွေ့ဆုံနွေးဆွေးရာတွင် ထိုင်းရဲတပ်ဖွဲ့မှ တရားခံ ဖြစ်တဲ့ရဲအရာရှိကို စွဲချက် ၄ ချက် ဖြင့် အမှုစွဲဆိုထားကြောင်း သိရပါတယ်။ . ရဲတပ်ဖွဲ့မှ တရားခံကို အာမခံခွင့်ပိတ်ပင် ထားသော်လည်း တရားရုံးတော်မှ တရားခံသည်ထွက်ပြေး တိမ်းရှောင်ရန် ရည်ရွယ်ချက်မရှိကြောင်း ယုံကြည်သဖြင့် တရားခံသည် ဥပဒေဘက်တော်သားရာထူးအနေဖြင့် တာဝန်ထမ်းဆောင် ခဲ့ဖူးတာကြောင့် ဥပဒေအရခံစားခွင့်ရှိ၍ အာမခံခွင့် ဘတ် ၄ သိန်းဖြင့်ခွင့်ပြုချက်ရရှိကြောင်း ရဲတပ်ဖွဲ့မှတင်ပြပါသည်။ . ဆက်လက်၍ မြန်မာသံရုံး ကိုယ်စားလှယ်များသည် တရား လိုဖြစ်တဲ့ မြန်မာအမျိုးသမီး မမိုး နှင့် တွေ့ဆုံခွင့်ရရှိပြီး လို အပ်သည့် အချက်အလက် များကို မေးမြန်း စစ်ဆေးခဲ့ပြီး။ လာမည့်ဇန်နဝါရီ ၁၈ ရက် တနင်္လာနေ့ မွန်းလွဲ ၁ နာရီတွင် နစ်နာသူမြန်မာအမျိုးသမီး မမိုး အားတရားရုံးတော်မှ အချက် အလက်များရယူရန်အတွက် စစ်ဆေးမေးမြန်းမှုဆောင်ရွက် မည်ဟုသိရပါတယ်။ . မြန်မာသံရုံး (အဖူး) ကိုယ်စားလှယ်များမှ တက်ရောက်ခွင့် ရရှိမည် ဖြစ်ကြောင်းသိရပြီး အမှုကြားနာစဉ်ကာလ တရား လို အမျိုးသမီးအား လုံခြုံသင့်တော်သော နေရာတွင်ထိမ်း သိမ်း စောင့်ရှောင့်ထားမည်ဟု ထိုင်း လဝက (၆) IMMIG- RATION 6 တာဝန်ရှိသူများနှင့် မြန်မာသံရုံး ကိုယ်စားလှယ် များက ညှိနိုင်းစီစဉ် ဆောင်ရွက်ပေးခဲ့တယ်ဟု သိရပါတယ်။ . ဇန်နဝါရီလ ၁၆ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ကော့စမွိရဲ စခန်းမှပြောရေးဆိုခွင့်ရှိတဲ့ ရဲအရာရှိတစ်ဦးက ပြစ်မှုကျူးလွန် တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ . ုပြစ်မှုကျူးလွန်တဲ့ရဲအရာရှိဟာ အချုပ်ခန်းအပိုင်းကို တာဝန်ယူ ထားတဲ့သူပါ၊ လူရှင်းတဲ့ ည ၁ နာရီအချိန်မှာ အမျိုးသမီးကို လက်ထိပ်မပါ ခေါ်ထုတ်လာပြီး။ လူရှင်းတဲ့ရုံးခန်းတစ်ခုအတွင်း မှာ အလိုမတူပြုကျင့်ခဲ့ပါတယ်။ ပြီးတော့ အမျိုးသမီးကို ထုတ် ခဲ့တဲ့အချုပ်ခန်းနေရာကို ပြန်ပို့ပေးခဲ့ပါတယ်။ . မိုးလင်ချိန်မှာ မြန်မာအမျိုးသမီးက သူရဲ့ဖြစ်စဉ်ကို အချုပ်ခန်း ထဲမှာ အတူနေရတဲ့လူတွေနဲ့ တိုင်ပင်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသမီးဘက်က အသိတွေရောက်လာတော့ အကြောင်းစုံ ပြောပြပြီး မြန်မာသံရုံးကို ဆက်သွယ်ကူညီတောင်းခဲ့ပါတယ်။ . ရဲစခန်းအနေနဲ့ ထိုအကြောင်းကို သိရတော့ ချက်ချင်းဆိုသလို မနက် ၈ နာရီကတည်းက တာဝန်ထမ်းဆောင်ပြီးစီးပြီး၊ အိမ်ပြန် သွားတဲ့ ပြစ်မှုကျူးလွန်တဲ့ ရဲအရာရှိကို ခေါ်ယူစစ်ဆေးမှုဆောင် ွရွက်ပြီး၊ ပြစ်မှု ၄ ခုအပါဝင်၊ ရာထူးမှထုတ်ပယ်ခြင်းတွေအရေး ယူဆောင်ရွက်ခဲ့ကြောင်း ပြောသွားပါတယ်။ . သတင်း-ကိုချစ် (ဇွဲကပင်မြေ) အချက်ပေးပို့လာသူ-MPC ပြန်ကြားရေးဦးခင်ဇော် MIGRANT PROTECTION COMMITTEE . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Posted_Ko_Chi Credit: