No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သရုပ်ဆောင်ခန့်စည်သူဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးယာယီဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်စာတင်လာတယ်လို့ ရုပ်ရှင်အစည်းအရုံးဘက်က ဒီနေ့ ဇွန်လ ၇ ရက်မှာ လူမှုကွန်ယက်ကနေ ကြေညာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပေးတဲ့ဒီတာ၀န်ကို မထမ်းဆောင်လိုတာကြောင့် နုတ်ထွက်ဆိုပြီး စာမှာ ရေးထားတာတွေ့ရပါတယ်။ အစည်းအရုံးအမှုဆောင်ဖြစ်တဲ့ ခန့်စည်သူကို ဇွန်လ ၄ ရက်မှာ ယာယီဥက္ကဋ္ဌတာဝန်စပေးပြီးကတည်းက သရုပ်ဆောင်တွေအပါအဝင် ရုပ်ရှင်လောကသားတချို့က သူတို့ အစည်းရုံးကနေ နုတ်ထွက်ကြတယ်လို့ လူသိရှင်ကြားထုတ်ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် နုတ်ထွက်ပြီးနောက် ဥက္ကဋ္ဌနေရာမှာ လစ်လပ်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ရုပ်ရှင်အစည်းအရုံးအနေနဲ့ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီးသရုပ်ဆောင်ခန့်စည်သူကို ခန့်ခဲ့တာလို့အစည်းအရုံးဘက်က ထုတ်ပြန်ခဲ့တာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သရုပ်ဆောင်၊အဆိုတော်နဲ့အနုပညာရှင် ၅ဝ ကျော်ခန်ဟာ ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားကြရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် ၁ဝယောက်ထက်မနည်းရှိနေပါတယ်။ ဘီဘီစီမြန်မာပိုင်း ဓာတ်ပုံ- ခန့်စည်သူဖေ့ဘွတ်ခ် Credit: