No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာနိုင်ငံ ရမ်ဆာဒေသများမှ အာရှငှက်စာရင်းစုပေါင်းကောက်ယူရာတွင် ရေငှက်မျိုးစိတ် ၄၃ မျိုး၊ အကောင်ရေ ၂၂၀၀၀ ကျော် မှတ်တမ်းတင်နိုင်ခဲ့ဟုဆို ====================================================== မြန်မာနိုင်ငံရှိ ရမ်ဆာဒေသ(ရေဝပ်ဒေသများ)မှ အာရှငှက်စာရင်းကောက်ယူမှုခြင်းကို ဇန်နဝါရီလ ၁၃ ရက်က ပြုလုပ်ခဲ့ရာ ရေငှက်မျိုးစိတ် ၄၃ မျိုး၊ အကောင်ရေ ၂၂၀၀၀ကျော် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) ကသိရသည်။ "ဒီနှစ်မှာတော့ FFI ၊ အင်းချစ်သူ၊ မိုးညှင်းတက္ကသိုလ်နဲ့ အင်းတော်ကြီးဒေသက ငှက်ဝါသနာရှင်တွေ၊ ငှက်သုတေသီတွေ အင်အား ၃၀ ကျော်နဲ့ နေရာ ၄ခုခွဲပြီး ငှက်စာရင်းကောက်ခဲ့တာ၊ အရှေ့အာရှနဲ့ ဩစတေးလျ ပျံသန်းလမ်းကြောင်းအတွင်း မှာ ပျံသန်းကြတဲ့ ရေငှက်မျိုးစိတ် ၄၃ မျိုး၊ အကောင်ရေ ၂၂၀၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနို င်ငံ အစီအစဉ်)မှ ဦးသက်ဇော်နိုင်က ပြောသည်။ အာရှရေငှက်စာရင်း စုပေါင်းကောက်ယူခြင်းကို အင်းတော်ကြီးဘေးမဲ့တောနှင့် မိုးယွန်းကြီးဘေးမဲ့ တောတို့တွင် ကောက်ယူခဲ့ ခြင်းဖြစ်ပြီး EAAF (East Asian_Australasian Flyway၊ အရှေ့အာရှနှင့် ဩစတေးလျ ပျံသန်းလမ်းကြောင်း) လမ်းကြောင်း တွင် ပျံသန်းကြသော ရေငှက်မျိုးစိတ်များကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ မနှစ်က Grey-legged goose အကောင်ရေ ၁၃၀၀ လောက်ပဲ ကောက်ယူနိုင်ခဲ့ပေမယ့် ဒီနှစ်မှာ အကောင်ရေ ၄၈၀၀ လောက် ကောက်ယူရရှိခဲ့ပါတယ်၊ ဒါက ဒီနှစ်အတွက် ထူးခြားချက်ပါဟု ငှက်စာရင်းကောက်ယူသည့်အဖွဲ့တွင် ပါဝင် သည့် အင်းချစ်သူအဖွဲ့ဥက္ကဌ ဦးဇွဲဇော်ဇော်ဟိန်းက ပြောသည်။ ကမ္ဘာ့နိုင်ငံများ အသီးသီးရှိ ရေဝပ်ဒေသများအား ထိန်းသိမ်းခြင်းလုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် ရမ်ဆာအဖွဲ့ကို စတင်ဖွဲ့ စည်းခဲ့သည့် နေရာ ရမ်ဆာကျေးရွာကို အစွဲပြု၍ ရေဝပ်ဒေသများကို ရမ် ဆာဒေသအဖြစ် သတ်မှတ်ခေါ်ဆိုပြီး ကမ္ဘာ့နိုင်ငံ များ ပူးပေါင်းပါဝင် ထိန်းသိမ်းလျက်ရှိသည်။ ရေငှက်များ၏ အရေအတွက်ကို ခန့်မှန်းနိုင်ရန်၊ ရေငှက်အကောင်ရေပြောင်းလဲမှှုနှင့် ပျံနှံ့နေထိုင်မှုကို စောင့်ကြည့်လေ့လာရန်၊ လူသိနည်းသော ရေငှက်မျိုးစိတ်များနှင့် ရေဝပ်ဒေသများအကြောင်းအား ပိုမိုသိရှိလာစေရန်၊ ရေငှက်များနှင့် ရေဝပ်ဒေသများ၏ အရေးပါမှုများကို နိုင်ငံတကာ အဆင့်၊ နိုင်ငံအ ဆင့်နှင့် ဒေသအဆင့် ပိုမိုသိရှိ လာစေရန် ရည်ရွယ်ချက်ဖြင့် အာရှရေငှက်စာရင်း ကောက်ယူ ခြင်းဖြစ် ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ နေရာ ၆၁၀၀ ကျော်တွင် ကောက်ယူနေလျက်ရှိကြောင်း သိရသည်။ အာရှငှက်စာရင်းကောက်ယူခြင်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ရမ်ဆာဒေသများဖြစ်သည့် အင်းတော်ကြီးအင်း၊ အင်းလေးကန်၊ မိုးယွန်းကြီး အင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ထိန်းသိမ်းရေးအတွက် အရေးကြီးဒေသများဖြစ်သည့် ပုလိပ် အင်း နှင့် ပြူကန်တို့တွင် ငှက်ပညာရှင်၊ ငှက်ကြည့်ဝါသနာရှင် များ စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အာရှငှက်စာရင်း ကောက်ယူမှု မှတ်တမ်းများအရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်းက ငှက်ပ ညာရှင်၊ ငှက်ကြည့်ဝါသနာရှင် ၁၃၅ ဦးဖြင့် မြန်မာနိုင်ငံရမ်ဆာဒေသ ၃ ခုမှ ကောက်ယူခဲ့ရာတွင် ငှက်မျိုးစိတ်ပေါင်း ၃၂၉၊ ငှက်ကောင်ရေပေါင်း ၅၇၈၈၆ ကောင်ထိ မှတ်တမ်းရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွက် ကောက်ယူရရှိသော ရေငှက်စာရင်းများကို ရေဝပ်ဒေသများ၏ တည်နေရာ၊ ကောက် ယူရရှိသော ရေငှက်မျိုးစိတ်များနှင့် အကောင်အရေအတွက်ကိုစုပေါင်း မှတ် တမ်းတင်၍ ရေငှက်များ အာရှနိုင်ငံများအတွင်း ပျံ့နှံ့နေထိုင်ကျက်စားမှုအခြေအနေကို သုံးသပ်မှတ်တမ်း တင်နိုင် ရန် အတွက် သစ်တောဦးစီးဌာနနှင့် Wetland International သို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ထူး hoto - Zay maung thein Credit: