No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လှိုင်သာယာတွင် ဗုံး ၅ လုံးပေါက်ကွဲ၊ အထိအခိုက်ရှိ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်။ ယနေ့ ဇွန်လ ၁၈ ရက် နေ့လည် ၂ နာရီခွဲမှ ညနေ ၃ နာရီ ၄၅ မိနစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြို့နယ်ရုံးရှေ့ City Mart အနီးနှင့် ၁၀၃ မှတ်တိုင်အကြား ဗုံး ၅ လုံးဆက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြားပါသည်။ ဇွန်လ ၁၆ရက်နေ့က အမှတ်(၁၃)ရပ်ကွက် အုပ်ကြီးလှဦး သေနတ်နှင့် ပစ်သတ်ခံရ၍ လှိုင်သာယာတွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ယနေ့ နေ့လည် ၂ နာရီ ၃၅ မိနစ် ၊ ၂ နာရီ ၅၀ မိနစ်၊ ၂ နာရီ ၅၃ မိနစ်၊ ၃နာရီ ၂၈ မိနစ်နှင့် ၃ နာရီ ၄၂ မိနစ်တို့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ ယနေ့မနက်ပိုင်းတွင်လည်း လှိုင်သာယာမြို့နယ် အမှတ်(၁၉)ရပ်ကွက် ရာအိမ်မှူး ဦးမောင်ထွန်းကို အမည်မသိသူတစ်ဦးက သေနတ်နဲ့ပစ်ခတ်သွားခဲ့သေးသည်ဟု သိရပါသည်။ လက်ရှိအချိန်မှာတော့ ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွေမှာ စစ်ကောင်စီတပ်များရောက်ရှိနေပြီး လှိုင်သာယာ ရုံးရှေ့ မှတ်တိုင်မှ ရွှေလင်ပန်း ၁၂၇ ဂိတ်ဟောင်း သွားသည့်လမ်းကို ပိတ်ထားကာ၊ မီးခွက်စျေး ၅ ထိပ် တွင်ဆိုင်ကယ်များ စစ်ဆေးဖမ်းဆီးနေသည်ဟု သတင်းရရှိပါသည်။ Media 9 Credit: