No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကိုင်းမြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(၇၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန် ၁၉ နံနက်ပိုင်းက ဆုတောင်းပွဲကျင်းပပါတယ်။ " ဒီနေ့ ကျမတို့ကျေးရွာသူ ကျေးရွာသားတွေက အမေစုရဲ့(၇၆)နှစ်ပြည့်မွေးနေ့မှာ အကြမ်းဖက်စစ်အုပ်စုပြုတ်ကျစေရေး၊အဓမ္မဖမ်းဆီးခံရသူ ကျောင်းသားလူငယ်ပြည်သူများ အမြန်ပြန်လွတ်စေရေးနှင့် နွေဦးတော်လှန်ရေးအရေးတော်ပုံ မုချအောင်ရမည်ဟု သံဓိဠာန်ချကာ ဝတ်ပြုဆုတောင်းခဲ့ကြတာပါ "လို့ ဆုတောင်းပွဲပါဝင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဝတ်ပြုဆုတောင်းရာမှာ နှင်းဆီပန်းသပြေပန်းတွေကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံရသူများအမြန်ဆုံးလွတ်မြောက်ရေး အရေးတော်ပုံအောင်မြင်ရေးအတွက် အဓိဠာန်ပြုဆုတောင်းခဲ့ကြပါတယ်။ #dvbtvnews #photo Credit: