No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စမွတ်ပရာကန်ခရိုင်မှာတစ်နေ့ထဲ ကိုဗစ်ကူးစက်သူ ၅၄၄ ဦးထိမြင့်တက် ၆ ဦးသေဆုံး စမွတ်ပရာကန်ခရိုင်မှာ တစ်နေ့ထဲ ကိုဗစ်ကူးစက်လူနာသစ် ၅၄၄ ဦးထိမြင့်တက်ခဲ့ပြီး ၆ ဦးထိ သေဆုံးခဲ့တယ်လို့ ဒီနေ့ ဇွန်လ ၂၁ ရက် နေ့လည် ၁ နာရီက ခရိုင်ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စမွတ်ပရာကန်ခရိုင်အတွင်းမှာ ကိုဗစ်ကူးစက်လူနာသစ် ၄၆၁ ဦးရှိခဲ့ပြီး အခြားခရိုင်က လာရောက်ကုသတဲ့ လူနာ ၈၃ ဦး ပေါင်း ၅၄၄ ဦးရှိခဲ့တယ်လို့ဖေါ် ပြထားပါတယ်။ စမွတ်ပရာကန်ခရိုင်ရဲ့မြို့နယ်အလိုက်ကူးစက်လူနာစာရင်းကတော့ စမွတ်ပရာကန်မြို့နယ် ၂၄၉ ဦး၊ ဖရာပဒါန်းမြို့နယ် ၃၉ ဦး၊ ဘန်ဖီ ၈၂ ဦး၊ ဖရစမွတ်စေတီ ၃၀ ဦး၊ ဘန်စောင်ထုံး ၃၇ ဦး၊ ဘန်ဘို ၄ ဦး နဲ့ သေဆုံးသူစာရင်း ၆ ဦးထိရှိခဲ့ပါတယ်။ ကိုဗစ်ကြောင့်သေဆုံးခဲ့ရတဲ့ ၆ ဦးဟာ အသက် ၅၈ နှစ်ကနေ အသက် ၈၄ နှစ်ထိ အသက်ကြီးပိုင်းလူနာတွေဖြစ်ပြီး ရောဂါအခံရှိနေတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။ စမွတ်ပရာကန်ခရိုင်ဟာ တတိယလှိုင်းမှာ ကူးစက်ခဲ့တဲ့စာရင်းအရ ယနေ့ကူးစက်မှု စာရင်းဟာ အများဆုံးလို့ဆိုနိုင်ပါတယ်။ ဝင်းထက် - MML Ref : khaosod #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #WinHtetMML Credit: