No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပုလဲနယ်မှာ ယင်းမာပင်ခရိုင် PDF က စစ်ကောင်စီကား(၃)စီး ကို မိုင်ခွဲတိုက်ခိုက် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်။ ယနေ့ ဇွန်လ(၂၅)ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၊ ကန်းထောက်ကျေးရွာအနောက်ဘက်မှာရှိတဲ့ နဂါးမတောင်မှာ စစ်ကား ၃ စီးမိုင်းမိပြီး တပ်ဖွဲ့၀င် အများအပြား သေဆုံးနိုင်တယ်လို့ ယင်းမာပင်ခရိုင် PDF က ပြောကြာကြောင်း မျက်မှောက်ခေတ် သတင်းမှာဖော်ပြပါသည်။ ယနေ့နံနက် ၅ နာရီ ၂၀ မိနစ်မှာ စစ်ကား အစီး ၄၀ ခန့်၊ နံနက် ၅ နာရီ ၄၀ မိနစ်မှာ အစီး ၂၀ ကျော်ခန့် စုစုပေါင်း အစီး ၆၀ ကျော်ခန့် ချင်းတွင်းတံတား (မုံရွာ)ကို ဖြတ်သွားပြီး (ကနီ၊ မင်းကင်း၊ ယင်းမာပင်၊ ပုလဲ၊ ဂန့်ဂေါ၊ ကလေး) အနောက်ဖက်သို့ တက်သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်ဟု အလောင်းတော်ကဿပ နယ်မြေသတင်းတွင် ဖော်ပြပါသည်။ ယခုတလော ယင်းမာပင်နှင့် ကနီနယ် တစ်ဝိုက်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရမှုများရှိသဖြင့် အထိအခိုက်အကျဆုံးများခဲ့သည်ဟု သတင်းရရှိပါသည်။ နိုင်မင်း @ Media9 source - မျက်မှောက်ခေတ်၊ အလောင်းတော်ကဿပ နယ်မြေသတင်း Photo - Credit (ဓါတ်ပုံအဟောင်းကို အသုံးပြုထားပါသည်။) Credit: