
မြန်မာ့အရေးအကျပ်အတည်းကိုဖြေရှင်းဖို့ ခြေလှမ်းတစ်ရပ်အနေနဲ့ အဆိုပြုထားတဲ့အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးကို မြန်မြန်အတည်ပြုပေးဖို့ စစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ သြဂုတ်လ ၂ ရက်မှာ တိုက်တွန်းလာပါတယ်။ အာဆီယံအနေနဲ့ မြန်မာပြည်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ မျှဝေတဲ့လုပ်ငန်းစဉ် ဖော်ဆောင်တာအပြင် လူသားချင်းစာနာမှုအကူအညီ ချက်ချင်းပေးဖို့လုပ်ရမယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ''မြန်မာပြည်သူပြည်သားတွေ ခံစားနေရတာတွေကို ကျမတို့ အသံတိတ်နေလို့မရသလို ထိခိုက်ခံစားရမှု ဆက်ဖြစ်နေတာမျိုးလည်း အဖြစ်မခံသင့်တော့ဘူး''လို့ သူက ပြောပါတယ်။ စစ်ခေါင်းဆောင်ကတော့ အာဆီယံကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးဟောင်း Virasakdi Futrakul ကို အဆိုပြုခဲ့ပေမဲ့ တခြားအဆိုပြုသူတွေထပ်ပေါ်လာလို့ ဒီအရေးရှေ့မဆက်နိုင်ဖြစ်နေတာလို့ဆိုပြီး မနေ့သြဂုတ်လ ၁ ရက်မှာပြောတဲ့အာဏာသိမ်းမှု ၆ လအကြာ ပြည်တွင်းအခြေပြမိန့်ခွန်းမှာထည့်ပြောသွားပါတယ်။ ဒီသတင်းအပြည့်အစုံအပြင် ဘီဘီစီရဲ့နောက်ဆုံးရ သတင်းတွေကို ဒီလင့်ခ် https://www.bbc.com/burmese/live/burma-57783160 ကနေ တိုက်ရိုက် တင်ဆက်ပေးနေလို့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Credit: