No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ချောက်မြို့မှာ ကြက်ဥတလုံး ၉၀ နှုန်းနဲ့ ပြည်သူမှ ပြည်သူသို့ ရောင်းချပေးနေ DVB မကွေးတိုင်း၊ ချောက်မြို့မှာ လူငယ်တွေနဲ့ ကမ်းလင့်လက်များပရဟိတအဖွဲ့တို့စုပေါင်းပြီး ပြည်သူမှ ပြည်သူသို့ ကြက်ဥများစျေးနှုန်းချိုသာစွာနဲ့ရောင်းချပေးနေကြောင်း သိရပါတယ်။ ''ဒီနေ့က အမှတ်(၁)နယ်မြေ၊ ဈေးတန်းလျားရပ်ကွက်နဲ့ ရေအိုးစဉ်ရပ်ကွက်က အခြေခံလူတန်းစားပြည်သူတွေကို ကြက်ဥတစ်လုံး ၉၀၊ တစ်ထောင်ဖိုး ၁၁ လုံးနှန်း လျော့စျေးနဲ့ရောင်းချပေးခဲ့တာပါ'' လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့မှာရောင်းချပေးတာဟာ စတုတ္ထအကြိမ်မြာက်ဖြစ်ပြီး နောက်ထပ်လည်း ရောင်းချပေးနိုင်အောင်ကြိုးစားနေတယ်ကြောင်း သိရပါတယ်။ #DVB #News #Photo Credit: