
"ဂျပန် - မြန်မာပွဲတော် ၂၀၂၁" ကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြုလုပ်မည် ======================================== ဂျပန်နိုင်ငံနှင့် မြန်မာနှစ်နိုင်ငံအကြား ပိုမိုရင်းနှီးချစ်ကြည်လာရန်ဆောင်ရွက်ရာတွင် အဓိကကျသော အခမ်းအနားတစ်ခုဖြစ်သည့် ဂျပန် - မြန်မာပွဲတော်ကို အထူးအစီအစဉ်အနေဖြင့် MNTV ရုပ်သံလိုင်းနှင့် Facebook တို့မှတစ်ဆင့် ဖေဖော်ဝါရီလ ၁၄ရက် တွင် မြန်မာတစ်နိုင်ငံလုံးသို့ တိုက်ရိုက်ထုတ်လွှင့်တင် ဆက်သွားမည်ဖြစ် ကြောင်း သိရသည်။ ယခုနှစ် ဖျော်ဖြေပွဲကို " အခက်အခဲများကိုအတူကျော်ဖြတ်ကြပါစို့" ဟု အမည်ပေးထားပြီး ယခင် နှစ်များနှင့်မတူ Online Charity Music Show အဖြစ် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ "ဂျပန်-မြန်မာ နှစ်နိုင်ငံက နာမည်ကျော် အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေကိုကြည့်ရှုရင်း COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေကို ပရိသတ်တွေကိုယ်တိုင် ပါဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ် " ဟု ဂျပန် - မြန်မာပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဂျပန် - မြန်မာပွဲတော်ကို ခုနှစ်ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး သီဆိုဖျော်ဖြေမည့်အနုပညာရှင်များမှာ Hirahara Ayaka, မိုရီဆာကီဝင်း၊ စိုင်းစိုင်းခမ်းလှိုင်၊နီနီခင်ဇော်၊ X-Boxinနှင့် မေလသံဇဉ်တို့ဖြစ်ကြောင်း သိရသည်။ HNW Credit