No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ကင်းလှည့် စီမံချက်တွင် လူ (၅) ဦးအား ရေချိုငါးလုပ်ငန်း ဥပဒေဖြင့် တရားစွဲခဲ့ =========================================================== ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ၁ နှစ် ကင်းလှည့်စီမံချက်တွင် ဇန်နဝါရီ တစ်ရက်မှ ဇန်နဝါရီ ၁၅ ရက်ထိ ရှော့တိုက်ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါ လှေ ၄ စီး ၊ ဘက္ထရီအိုး ၁ လုံး၊ ရှော့ပုံး ၁ လုံး၊ ရှော့ဂေါ်တံ ၁ ချောင်း၊ ရှော့ခြေတိုသောင်ဆွဲပိုက် ၂ လက်၊ ရှော့မျှောပိုက် ၂ လက်၊ ထိသေ၊စားသေ အဆိပ် ချဆေးဘူး ၁ ဘူးတို့အား သိမ်းဆည်းရမိခဲ့ပြီး လူ (၅) ဦးအား မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေဖြင့် တရားစွဲဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တရားမဝင်ရှော့တိုက်ငါးဖမ်းဆီးခြင်း လျှော့နည်းလာစေရန်အတွက် ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစု၊ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ မတ္တ ရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ အမှတ် (၁) ရေကြောင်းရဲ ကွပ်ကဲ မှု အဖွဲ့ခွဲ၊ မန္တလေး၊ ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အစုအဖွဲ့၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့ တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ၁ နှစ် စီမံချက် ပဉ္စမလ၏ ပထမ ၁၅ ရက် ကာလဖြစ်သော ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်ထိ စုပေါင်းကင်းလှည့်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ရွာတန်းရှည်ကျေးရွာအနီးနှင့် သဲကျွန်းကျေး ရွာအနီး ဖမ်းဆီးရမိ သော ရှော့တိုက် ငါးဖမ်းဆီးသည့် စက်နှင့် ရှပ်တန်းပါလှေ ၂ စီး၊ ဆက်စပ်ပစ္စည်းများနှင့် လူ ၃ ဦးအား မတ္တရာ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ လည်းကောင်း၊စဉ့်ကူးမြို့နယ်၊ ဟင်္သာဖိုကျေးရွာအနီးတွင် ဖမ်းဆီးရမိသော အဆိပ်ချဆေးဗူးနှင့် ရှော့တိုက် ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါလှေ ၁ စီး၊ ဆက်စပ်ပစ္စည်း များနှင့် လူ ၂ ဦးအား စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက် လက်မြို့ နယ်၊ တပ်ရွာကျေးရွာအနီးတွင် ဖမ်းဆီးရမိသော ရှော့တိုက်ငါးဖမ်းဆီသော စက်နှင့် ရှပ်တန်းပါလှေ ၁ စီးနှင့် ဆက်စပ် ပစ္စည်းများအား ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ လည်းကောင်း ပေးပို့ အပ်နှံခဲ့ကြောင်း သိရသည်။ မင်းရန်နောင် ဓာတ်ပုံ- WCS Myanmar Credit