
မြန်မာငွေ (၆) သိန်းကျော်တန် Ambush ဆိုတဲ့ ဖက်ရှင်ကုမ္ပဏီက ထုတ်တဲ့ ပလပ်စတစ် လက်ပတ်.. Ambush ဆိုတဲ့ ဖက်ရှင်ကုမ္ပဏီက အမေရိကန်ဒေါ်လာ လေးရာကျော် (မြန်မာငွေ ၆ သိန်းကျော်) တန်ဖိုးရှိတဲ့ ဇစ်ဆွဲလက်ပတ်ကို ထုတ်လုပ် ရောင်းချမယ်လို့ သိရပါတယ်။ သင့်ရဲ့ ဆောင်းရာသီဖက်ရှင်ကို အရောင်အသွေးစုံလင်စွာ ဆန်းသစ်စေမယ့် ဂန္တဝင်ဆန်ဆန် လက်ပတ် ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ပွဲထွက်လာခဲ့တာပါ။ အပြာ၊ အဝါ၊ အနက် အရောင် (၃) မျိုးကို ဆိုဒ်သေးနဲ့ ဆိုဒ်လတ် ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Ambush ဖက်ရှင်ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း ဇစ်ဆွဲလက်စွပ်တွေကို ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။ Credit