No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု ခြောက်နှစ်ကြာတဲ့အထိ တရားခံမဖော်ထုတ်နိုင်သေး၊ အမှုမှန်ပေါ်ပေါက်ရေး တိုက်တွန်းတောင်းဆိုမှု ပြုလုပ် ရှမ်းပြည်နယ်၊ ကောင်းခါးကျေးရွာမှာ လွန်ခဲ့တဲ့ ၆နှစ်က အသတ်ခံခဲ့ရတဲ့ စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦးအတွက် အမှုမှန်ပေါ်ပေါက်ဖို့ ကချင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုလိုက်ပါတယ်။ ဒီအမှုမှန်ပေါ်ပေါက်ရေး ဆုတောင်းပွဲနဲ့တောင်းဆိုပွဲတစ်ခုကို ကချင်အမျိုးသမီးကွန်ရက်နဲ့ ကျားမရေးရာတန်းတူညီမျှရေးဆောင်ရွက်သူတွေဦးဆောင်ပြီး မြစ်ကြီးနားမြို့မနောကွင်းမှာ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားမှာ ကချင်ပြည်နယ်အမျိုးသမီးတွေက သဘောထားထုတ်ပြန်ချက်တစ်ရပ်လည်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ အချက် ၅ ချက် ပါဝင်ပြီး အဲဒီထဲက တချို့ကတော့ အခင်းဖြစ်ပွားရာအနီးမှာ နိုင်ငံတော်လုံခြုံရေး တာဝန်ယူထားတဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့တွေရှိတာကြောင့် တပ်မတော် အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေးတာဝန်ယူပေးဖို့၊ အစိုးရအနေနဲ့အမှုမှန်နဲ့တရားမျှတမှုရရှိရေး ဥပဒေအတိုင်းပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ ဆရာမနှစ်ဦးဟာ လွန်ခဲ့တဲ့ခြောက်နှစ်ကဒီနေ့မှာ ကောင်းခါးကျေးရွာအတွင်း သူတို့နေအိမ်လေးမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဆရာမနှစ်ဦး သတ်ဖြတ်ခံခဲ့ရတာ ၆ နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဒီကနေ့ မနက်ပိုင်းမှာ KBC(ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်) ကဦးဆောင်ပြီး ဆုတောင်းပွဲပြုလုပ်ခဲ့သလို ညနေပိုင်းမှာတော့ စီတာပူ မနောကွင်းမှာ ကချင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတွေက ဆုတောင်းအခမ်းအနားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ-သင်းသင်းနွယ်(ဘီဘီစီမြန်မာပိုင်း) ဘီဘီစီမြန်မာပိုင်း Credit