အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတ ကာမယ်လာဟဲရစ် ကျမ်းသစ္စာကျိန်ဆိုပွဲ မြင်ကွင်းများ အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ဟာ ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၄၆ ဦးမြောက် သမ္မတအဖြစ်ကျမ်း သစ္စာ ကျိန်ဆိုနေတာလည်း ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒန် အရင် ဒုသမ္မတ ကာမယ်လာဟဲရစ်က ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။ ဒီပွဲအခမ်းအနားကိုတော့ သမ္မတဟောင်း အိုဘားမား၊ ဘီလ်ကလင်တန်၊ ဂျော့ရှ်ဘုရှ်တို့နဲ့အတူ လက်ရှိဒုသမ္မတဟောင်း မိုက်ခ်ပန့်လည်း တက်ရောက်ခဲ့ပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ တက်ရောက်ခဲ့ခြင်းမရှိဘဲ ယနေ့အစောပိုင်းက အန်ဒရူးစခန်းမှာ နှုတ်ဆက်အခမ်းအနား ပြုလုပ်ပြီး ဖလော်ရီဒါကို ထွက်ခွာသွားပါတယ်။ #wow_media Credit
