No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရန်ကုန်မြို့ ယနေ့ (၂၂.၁.၂၀၂၁) နေ့ခင်းကြောင်တောင် ၃ နာရီ အချိန် တာမွေယာယီဈေး အရှေ့မှာ အမျိုးသမီးတဦးမှ လမ်းသွားနေသူ အမျိုးသမီးတဦးကို အရူးမအဖြစ် ရန်ဖြစ်ဟန်ဆောင်၍ တွန်းထိုး ဆွဲရမ်းပြီး ဖုန်းလုယက်မှုဖြစ်ပွားခဲ့ပါသည်။ ကျမက ပြန်လုတော့ ဖုန်းတော့ ပါမသွားပါဘူးဟု အလုခံရသည့် အမျိုးသမီးက ပြောပါတယ်.. ဖုန်းလုတုန်းကတော့ လူကောင်းဘဲ လူတွေဝိုင်း ဖမ်းပြီး မိသွားတော့ အရူးမ ဟန်ဆောင်နေတယ်လို့ အလုခံရသူ အမျိုးသမီး ထပ်ဆင့် ပြောပါတယ်။ တာမွေပြည်သူများ သတိထားနိုင်ရန် တင်ပြပေးလိုက်ပါသည်။