
အိမ်စီးကားတစ်စီး မြစ်အတွင်း အရှိန်လွန်ထိုးကျ၍ ယဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ကားအတွင်း ပိတ်မိသေဆုံး ================================================ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ ကမ်းနားဈေးလမ်းတွင် ယနေ့(ဇန်နဝါရီလ ၂၂) နံနက် ၁၀ နာရီအချိန်ခန့်က အိမ်စီးကားတစ်စီး ရေးမြစ်အတွင်းအရှိန်လွန် ထိုးကျမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါအမျိုးသားနှစ်ဦးမှာ ကားအတွင်း မိနစ် သုံးဆယ်ခန့် အကြာပိတ်မိနေ သဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ ဇန်နဝါရီလ ၂၂ ရက်က HONDA FIT (အဖြူရောင်) ယာဉ်တစ်စီးမှာ ကမ်းနားဈေး လမ်းအတိုင်း မောင်းနှင်လာစဉ် အရှိန်လွန်၍ ရေးမြစ်အတွင်းသို့ ထိုးကျသွားခဲ့သဖြင့် ရေးမြို့နယ်မီး သတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ရန်ကြီးအောင်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ NGO အဖွဲ့အစည်းများနှင့်ကမ်းနားလမ်း ပြည်သူများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းနောက် ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးအား မြစ်အတွင်းထိုးကျပြီးချိန်နှင့် မိနစ်သုံးဆယ် ကျော်ကြာ ကယ်ထုတ်ခဲ့ရ ပြီး လူနာတင်ယာဉ်ဖြင့် ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နစ်ဦးလုံး သေဆုံး သွား ခဲ့ကြောင်း သိရသည်။ MYN ဓာတ်ပုံ - MFSD Crd