
#ဒီနေ့UNအစည်းဝေးကောက်နုတ်ချက်များ #စာဆုံးအောင်ဖတ်ကြည့်ပါ #အားတက်စရာအင်မတန်ကောင်းတယ် (အင်္ဂလန် ၊ ပြင်သစ် ၊ အီတလီ ၊ အင်ဒိုနီးရှား တောင်ကိုရီးယား) ချက်ချင်းအရေးယူဖို့ကိုယ်စားလှယ်လွှတ်ဖို့ ဆန္ဒပြသူတွေကိုကာကွယ်ဖို့ အဓိကထားပြောတယ် (ဩစတေးလျ) Courageous myanmar people နဲ့ အတူရပ်တည်ပေးကြပါတဲ့။ စစ်အာဏာရှင်ဟာတရားမဝင်ကြောင်း ကြေညာပါတဲ့။ နေပြည်တော်မှာ ဆပ်မရှင်းဂန်းသေနတ်နဲ့ပစ်တာ စစ်မြေမြင်ဖြစ် နေပြီ။စစ်ရာဇဝတ်မှူကျူးလွန်တယ်လို့ကြေညာပါ Elected အစိုးရကိုဖမ်းတာ တရားမဝင်ပါဘူး ဒါကို ပြန်တောင်းတဲ့ပြည်သူတွေကို နှိပ်စက်တာ တရားမဝင်ပါဘူး Abuseပါ တခုထဲအာရုံစိုက်ပါ အစည်းအဝေး လုပ်နေတုန်းမြန်မာဘယ်နှစ်ယောက်အ ဖမ်းခံနေရလဲ သတိပြုပါ အရေးယူဖို့ နောက်ကျနေတယ် (အိန္ဒိယ) ငြိမ်းချမ်းရေး တည်ငြိမ်ရေးကိုလိုလားပါတယ်တဲ့ ( ချက်ပြည်ထောင်စု) အင်တာနက်ဖြတ်တာ ကန့်ကွက်တယ် မြန်မာပြည်သူတွေကိုကာကွယ်ပါ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကို ကန့်လန့်တိုက်တာ လက်မခံပါ။ သည်အစည်းအဝေးကနေ တညီတညွတ် အရေးယူဖို့ လက်မှတ်ထိုးကြပါ (ဘူလ်ဂေရီးယား) EUကိုယ်စားပြောပါရစေ၊ အရေးပေါ်အခြေအနေလို့ကြေညာတာ တိုင်းပြည်ကတင်မြှောက်သူတွေကိုဖမ်းတာ ရာဇဝတ်မှုပါ ( ရုရှား) လူ့အခွင့်အရေးကိုလေးစားပါတယ်။ရွေးကောက်ခံအစိုးရကိုအာဏာလွှဲရမှာလက်ခံပါတယ်။ကျွန်တော်တို့ စစ်အစိုးရနဲ့ တိုက်ရိုက်ညှိနှိုင်းသင့်ပါတယ်။ Freedom Democracy အခြေခံ အခွင့်အရေးတွေကိုကာကွယ်ပါ။ အခြေအနေဆိုးမလာအောင် ကာကွယ်ပါတဲ့ ( ဘရာဇီလ်း) ကမ္ဘာက မြန်မာပြည်သူ့ဆန္ဒ ကိုလေးစားကြောင်းပြသပါ။ စစ်တပ်ကအာဏာသိမ်းတာကိုပြည်သူတွေလက်မခံဘူး။ ဒါကိုထောက်ခံပါ။ ရိုဟင်ဂျာကိစ္စလဲအတူတူပါ (နမီးဘီးယား) ရွေးကောက်ခံ အစိုးရကိုဖမ်းတာလက်မခံပါနဲ့။ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို အကြမ်းဖက်ဖြိုခွဲတာ လက်မခံပါနဲ့ (ဘင်္ဂလားဒေ့ရှ်) ရိုဟင်ဂျာကိစ္စ ရခိုင်ပြည်နယ်မှာ အသတ်ခံရတာ မြန်မာကိုလူ့အခွင့်အရေးလေးစားလိုက်နာဖို့ ကျနော်တို့အခါခါ ကြိုးစားတယ် အခုလဲ တိုက်တွန်းပါတယ် (မက္ကစီကို) ဒီမိုကရေစီ ပြောင်းပြန်လှန်မှာလက်မခံပါနဲ့ အရပ်သားအစိုးရ ကိုဖမ်းတာလက်မခံပါနဲ့ လူထုကိုကာကွယ်ပါ ကိုယ်စားလှယ်လွှတ်ပါ စောင့်ကြည့်အဖွဲ့ လွှတ်ပါ ဒေသတွင်းအစိုးရတွေ ပူးပေါင်းပါ ( အာဂျင်တီးနား) လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖွဲ့အမြန်လွှတ်ပါ (တရုတ်) တရုတ်ကြီးက လေသံမပြောင်းပါ ဒါဟာပြည်တွင်းရေးလို့ပဲပြောပါတယ် (ဂျပန်) အာဏာသိမ်းတာ ရာနှုန်းပြည့်လက်မခံပါ တိုင်းပြည်အရေးပေါ်အခြေအနေဆိုတာလဲမဟုတ်ပါ ပြည်သူတွေလမ်းပေါ်ထွက်တာကြည့်ပါ UN ကိုယ်စားလှယ်အမြန်လွှတ်ပြီး အခြေအနေထိန်းသိမ်းပါ အရပ်သားအစိုးရ ၊ ရွေးကောက်ခံအစိုးရကိုဖမ်းထားတာ ရာဇဝတ်မှုပါ (နီပေါ) အပေါ်မှာ ပြောထားတာတွေကိုထောက်ခံတယ် (နယ်သာလန်) အကုန်လွှတ် ဂျာနယ်လစ်တွေ ကိုကာကွယ်ပါ ICJ ICC ကိုအမြန်အရေးယူခိုင်းပါ (မာရှယ်ကျွန်းစုနိုင်ငံ) ရွေးကောက်ပွဲ ရလာဒ်ကိုလျစ်လျူရှုတာ ရာဇဝတ်မှုပါ ပြည်သူတွေတောင်းဆိုနေတာကိုလေးစားပါ။ မြန်မာဟာ ခဏ ခဏ အခုလိုဖြစ်နေတာ UN ရဲ့ တာဝန်ပါတဲ့ ( ယူကရိန်း) Rule of law အရေးကြီးတယ် ကမ္ဘာက လက်ပိုက်ကြည့်မနေကြောင်းမြန်မာပြည်သူတွေကိုပြကြပါ။ အင်တာနက် နဲ့ ဆိုရှယ်မီဒီယာတွေကိုပိတ်နေတာမြင်ကြပါလား လူ့အခွင့်အရေးချိုးဖောက်နေတာပါ အမြန်ဆုံးအရေးယူရပါ့မယ် (ဖိလစ်ပိုင်) ဒေသတွင်း လုံခြုံရေးကြောင့် အာဆီယံအရေးပေါ်အစည်းအဝေးခေါ်ပါမယ် UN ရဲ့ ဆုံးဖြတ်ချက်ကိုလိုက်နာပါမယ် ( ပါကစ္စတန်) ရိုဟင်ဂျာပဲပြောတယ် အာစီယံနဲ့ပူးပေါင်းလုပ်ပါ UN စကား နားမထောင်ရင်ဘာဆက်လုပ်မလဲ ပြန်လည်ရင်ကြားစေ့ရေးဆိုတာ မြန်မာအချင်းချင်းလုပ်ရမှာ ရိုဟင်ဂျာက ကမ္ဘာ့အရေးပါ (ကနေဒါ) အရပ်သားအစိုးရနဲ့ တက်ကြွသူတို့ကိုဖမ်းတာ civil and democratic အခွင့်အရေးကိုချိုးဖောက်တာ ဆိုရှယ်မီဒီယာ ကိုပိတ်တာ Freedom of expressionကိုဖျက်တာ ဒါအရေးယူဖို့လုံလောက်နေပါတယ် ဘယ်လိုအရေးယူမှုလုပ်မယ်ဆိုတာ အမြန်ဆုံး ဖြတ်ပါ ( အင်္ဂလန်) ဆုံးဖြတ်ချက်ထက်မူကြမ်းလာတော့မယ် (နော်ဝေး) Elected အစိုးရ တက်ကြွသူ အရပ်သား ဂျာနယ်လစ် တရားမဲ့ဖမ်းထားတွေရပ်ပါ အကုန်လွှတ်ပါ UN က အခုအရေးမယူရင်ဘယ်တော့ယူမှာလဲ တခါထဲဆုံးဖြတ်ကြပါ (ဘော့စ်ဝါနာ) ကိုယ်စားလှယ်အဖွဲ့လွှတ်ပါ မြန်မာပြည်သူတွေကိုကာကွယ်ပါ (မလေးရှား) မြန်မာနဲ့က ရင်းနှီးပါတယ်။ ဒီမိုကရေစီ ဖြစ်စဉ်က ခုမှစတာ။ အာဆီယံအဖွဲ့ဝင်အနေနဲ့ အင်ဒိုနီးရှားနဲ့ပေါင်းပြီး မြန်မာစစ်တပ်ကိုဖျောင်းဖျချင်ပါတယ် (လစ်သူယေနီးယား) ကျနော်ကတော့ အင်တာနက် ပိတ်တာ လက်မခံပါ ဒါဟာ သတင်းစီးဆင်းမှုကို စော်ကားတာဖြစ်တယ် ဒါကို ဘယ်လိုကူညီမလဲ (အီကွေဒေါ) ပြည်သူကို အင်အားသုံးဖြိုခွင်းတာ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ် ပြည်သူတွေကို သတင်းစကားပို့ပေးပါ UN ဟာ အမြဲဂရုပြုပါတယ်ဆိုတာ ( ဆလိုဗီနီးယား) ရွေးကောက်ပွဲရလာဒ်ကိုလျစ်လျူရှုတာ တရားမဝင်ဘူး။ ပြည်သူကို အတင်းနှိမ်နင်းတာ ရာဇဝတ်မှု။ စစ်တပ်ကို အရေးပေါ်အခြေအနေရပ်ဆိုင်းဖို့ စာထုတ်ပေးပါ (ရိုမေနီးယား) အရေးကြီးတာ အမြန်လုပ်ဖို့ လိုပါတယ် စစ်ရာဇဝတ်မှုတွေဆက်မကျူးလွန်အောင် UN အလုပ်မြန်မြန်လုပ်ပါ။ ( ဆွီဒင်) Crisisပါ မသိချင်ယောင်ဆောင်မရပါ ပြည်တွင်းကိစ္စလို့မပြောကြပါနဲ့ ကုလ ချာတာလက်မှတ်ထိုးထားတာ ကမ္ဘာ့မိသားစုပါ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးရော စစ်တပ်ကိုအရေးယူပါ (တူရကီ) အရေးပေါ်အခြေအနေဆိုတာ လုပ်ကြံတာ အင်တာနက်ပိတ်တာ မလျော်ကန်တာ ပြည်သူကိုပစ်သတ်တာ ရာဇဝတ်မှု ICC ICJ လွှတ်ပါ ( အစ္စရေး) လူ့အခွင့်အရေးဘက်ကကြည့်ရင်အကုန်ချိုးဖောက်တာပါ။ လိုအပ်တဲ့အရေးယူမှုအကုန် အမြန်လုပ်ပါ ( ဘီလာရုစ် ) ပြည်သူတွေဘက်ကကြည့်ပါ။ UN က တာဝန်ယူပြီး ဝင်ညှိစေချင်တယ် ( နယူးဇီလန်) အခုလိုအကုန်ပါဝင်တာဝမ်းသာတယ်။ ကျမတို့ Rule of law ကိုလက်ခံရင်ရွေးကောက်ပွဲရလာဒ်ကိုလေးစားရမယ်။ နိုင်ငံတကာ အရေးယူမှုကိုလုပ်ရပါမယ်။ မလုပ်မိလို့နောင်တရတာမျိုးမဖြစ်စေချင်ပါ ( ဘယ်လ်ဂျီယမ်) လူ့အခွင့်အရေးအမြင်ကချည်းမပြောပါနဲ့ ရာဇဝတ်မှုပါ ဆုံးဖြတ်ချက်မြန်မြန်ချပါ ( အမရေိကား) မြန်မာစစ်တပ်ဟာ ရွေးကောက်ခံအစိုးရကိုဖမ်းတယ် အာဏာကိုယူတယ် ပြည်သူကိုဖမ်းတယ် သတ်တယ် ဒါကို ကြည့်နေရင် မိတ်ကောင်းမပီသဖူး ပြင်းထန်တဲ့အရေးယူမှုလုပ်ပါ (စင်ကာပူ) မြန်မာနိုင်ငံက အိမ်နီးချင်းပါ စီးပွားဖက်ပါ ရွေးကောက်ပွဲရလာဒ် ပျက်ပြယ်ကတည်းက စိတ်ပျက်မိတယ် အရေးယူမှုကို အာစီယံနဲ့ညှိပါ ( မော်လ်တာ) အစိုးရကိုဖမ်းတာပါ အရပ်သားမဟုတ်ပါဘူး အရပ်သားကို သတ်တာပါ သူပုန်မဟုတ်ဘူး သည်အစည်းအဝေးကအရေးကြီးပါတယ် ( လူဇင်ဘတ်) မြန်မာပြည်သူတွေဘက်ကရပ်တည်ပါတယ်။ သူတို့ကို ကာကွယ်ပေးကြပါ။ အစိုးရနဲ့တပ်အကြား ဝင်ညှိပါ။ ငြိမ်းချမ်းစွာဖြေရှင်းပါ တိုင်းရင်းသားတွေကိုလဲ ကာကွယ်ပါ ( ခရိုအေးရှား) ငြိမ်းချမ်းစွာဆန္ဒပြနေတာ လူသတ်လို့မရပါဘူး ဆိုးတဲ့သမိုင်းကိုကျမတို့ဖြတ်ခဲ့ရတယ် အရေးယူမှု မြန်မြန်မယူရင် ပိုဆိုးပါမယ် သည်အစည်းအဝေးက ဆုံးဖြတ်ချက် ခိုင်ခိုင်ချပါ အကောင်အထည်ဖော်ပါ ( ဖင်လန် ) Online Offline စစ်တပ်ကိုဆက်သွယ်ပါ ။ ညှိပါ ။ ပြည်သူတွေမနာစေ ချင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုကယ်ပါ။ ( ဆွစ်ဇာလန် ) High comissioner ကိုတာဝန်ပေးပါ။သူကအရေးယူခိုင်းပါ။ Viloenceထပ်မဖြစ်အောင် ကာကွယ်ပါ။ သေနတ်နဲ့ပစ်တာမဟုတ်ပဲ သတင်းမရအောင်လုပ်တာလဲ သေစေပါတယ်။ ကြောက်အောင်လုပ်တာ လူသတ်တာပါ။ ရာဇဝတ်မှုအဖြစ် ICC ကိုတာဝန်ပေးပါ ( Vietnam ) စီးပွားရေးဆက်ဆံမှာရှိတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့ ကျမတို့ အစွမ်းကုန်ကြိုးစားမယ်။ အာဆီယံနဲ့ဆွေးနွေးမယ်။ မြန်မာပြည်သူဘက်ကရပ်တည်ပါတယ် (ဆလိုဗက်ကီးယား) နိုင်ငံသားဆိုတာဘယ်လိုအဓိပ္ပါယ်လဲ နိုင်ငံသားအခွင့်အရေးဆိုတာရော လူ့အခွင့်အရေးနဲ့မတူပါဘူး မြန်မာ့အခွင့်အရေးက သူတို့ ပေးထားတဲ့မဲပါ ဒါကိုအတည်ဖြစ်ဖို့ကျမတို့ ကြိုးစားပေးပါ ( တူနီရှား ) ကျနော်စိတ်မကောင်းဘူး ကျနော်တို့ သည်လိုရုန်းကန်ခဲ့ရတာ ဒါဟာ စစ်တပ်အာဏာသိမ်းရာကစတာ ၂၀၂၀ရွေးကောက်ပွဲကိုအသိအမှတ်ပြုဖို့တိုက်တွန်းပေးပါ ( တောင်အာဖရိက) မြန်မာ့အရေးပူပန်တယ် ခေါင်းဆောင်တွေဖမ်းတာ UNSCမှာ ဆွေးနွေးခဲ့ပါတယ် တိကျတဲ့အဖြေမရခဲ့ အခု အဖြေထွက်မှဖြစ်မယ် နည်းပေါင်းစုံသုံးပါ ( မော်လ်ဒိုက်ဗ်) ဥပဒေကိုချိုးဖောက်တာ တပ် ရိုဟင်ဂျာ သတ်တာလဲ တပ် တပ်ကို တိုက်ရိုက်အရေးယူစေချင်တယ် ( ဘရူနိုင်း ) UN charter လက်မှတ်ထိုးထားရင်လိုက်နာရမယ် Asean charter ကိုလေးစားရမယ် ကျတော်တို့ကအာစီယံဥက္ကဌပါ UNနဲ့ ပူးပေါင်းလုပ်မယ် ကတိပေးပါတယ် (Joint statement UK and Iceland) ချက်ချင်းစုံစမ်းရေးအဖွဲ့လွှတ် ဖမ်းသူအားလုံးလွှတ် CDMကိုဖမ်းတာရပ် အင်တာနက်ပိတ်တာချက်ချင်းရပ် ကိုယ်စားလှယ်အဖွဲ့ UN လူ့အခွင့်အရေးမင်းကြီးကြားဝင်အမြန်ဆောင်ရွက်ပါ။ ICC ICJ ဝင်ရောက်ခွင့်ပေးပါ အစည်းဝေး မပြီးသေးပါ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ ပြန်စမယ် Credit: