No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပြည်သူများသို့အသိပေးချက် (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့ မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်အထိ တွေ့ရှိရသည့် COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ (၁၃၇,၀၉၈) ဦးအနက် (၆၃) ရာခိုင်နှုန်းသည် COVID-19 ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ပြင်ပအမြင်တွင် လူကောင်းပကတိသဖွယ် ဖြစ်နေပါသည်။ ထိုသို့ ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိဘဲ ရောဂါရှိနေသူများသည် ရောဂါပိုး သယ်ဆောင်နေသူများဖြစ်ပြီး အခြားသူများထံသို့ ရောဂါကူးစက်စေနိုင်သည်ဆိုသည့် အချက်အား ပြည်သူများအနေဖြင့် အထူး (အထူး) သတိပြုကြကာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေး နည်းလမ်းများအား တိကျစွာ (တိကျစွာ) လိုက်နာကြရန်မှာ အရေးကြီးပါသည်။ ထိုသို့မလိုက်နာပါက ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်မားလာပါမည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန Crd