No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

M2 World Championship တွင် 1st Runner Up - မြန်မာနိုင်ငံကိုယ်စားပြုအသင်း Burmese Ghouls ဇန်နဝါရီ ၂၅ - ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြုအသင်း Bren Esports (Bren) အသင်းကို Mobile Legends : Bang Bang ရဲ့ ကမ္ဘာ့ချန်ပီယံအသစ်များအဖြစ် MOONTON Technology Co.,Ltd (MOONTON)က ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအသင်း Burmese Ghoulsက1st Runner Up ရရှိခဲ့ပါတယ်။ ယနေ့ည စင်ကာပူနိုင်ငံ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပမယ့် M2 World Championship (M2) တွင် Bren ဟာ Best of Seven series တွင် Burmese Ghouls (BG)ကို (4)-(3) ဖြင့် အနိုင်ရပြီး အောင်နိုင်သူများအဖြစ်ထွက်ပေါ်လာခဲ့ ပါတယ်။ Bren ရဲ့ ကစားသမား KarlTzy ဟာလည်း M2 ရဲ့ အဖိုးမဖြတ်နိုင်သော ကစားသူများအဖြစ်လည်း အမည်တွင်ခဲ့ပါတယ်။ သူတို့ရဲ့ M2 ချန်ပီယံဆုကို Singapores Cybersports and Online Gaming Association (SCOGA) နဲ့ ပါလီမန် အဖွဲ့ဝင်ဖြစ်သော Mr. Melvin Yong ထံမှ လက်ခံရရှိခဲ့ကာ အောင်နိုင်သူ medals ကိုတော့ Singapore Tourism Board (STB)ရဲ့Chief Executive Officer ဖြစ်သူ Mr. Keith Tan ထံက လက်ခံရရှိခဲ့ပါတယ်။ ဒါ့အပြင် Bren ဟာ MLBB hero ပေါ်တွင် သူတို့ကိုယ်ပိုင် M2-themed skin လည်း ဆုအဖြစ်လက်ခံရရှိဦးမှာဖြစ်ပါတယ်။ MLBB နဲ့ ဘုရင်အသစ်တွေဖြစ်လာပြီး Bren ဟာ အင်ဒိုနီးရှားအသင်း (၂) သင်းဖြစ်တဲ့ Alter Ego Esports နဲ့ RRQ Hoshi ကို အနိုင်ရကာ Grand Final ကို တက်လှမ်းပြီး ဖိလစ်ပိုင်ဟာ MLBB esports မှာ အသံမာဆုံးဆိုတဲ့ နာမည်ကိုလည်းပြန်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုသူအများဆုံးစံချိန်ချိုးနိုင်ခဲ့ခြင်း ***"******** Esports Charts analytics platform အရ ဖေ့ဘုတ်ပေါ်မှာ တစ်ပြိုင်နက်ကြည့်ရှုသူ 1.8 သန်းအပါအဝင် တစ်ကမ္ဘာလုံး တစ်ပြိုင်နက်ကြည့်ရှုသူ 3.08 သန်း ဖြင့် MLBB ရဲ့ Grand Final ပွဲစဉ်ဟာ ကြည့်ရှုသူအများဆုံး စံချိန်ချိုးခဲ့ပါတယ်။ Crd