
ဗိုင်းရပ်စ်ကာကွယ်ရေးနည်းလမ်းတွေကို တစ်ဦးနဲ့တစ်ဦးသတိပေးရေး လှုပ်ရှားမှု မန္တလေးမှာ စတင် ~~~~ ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးနည်းလမ်းတွေကို တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေး ပါဆိုတဲ့ လှုပ်ရှားမှုကို မန္တလေးမြို့မှာ ဒီနေ့စတင်ဆောင်ရွက်ပါတယ်။ ဒီလှုပ်ရှားမှုမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့၊ ကျန်းမာရေး သတိတွေထားဖို့ စတဲ့ ဗိုပ်းရပ်စ်ကာကွယ်ရေးနည်းလမ်းတွေကို ကျန်းမာရေးဝန်ထမ်းတွေ၊ လူမှုအဖွဲ့အစည်းတွေ က ရပ်ကွက်တွေအတွင်း လိုက်လံသတိပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ မန္တလေးမြို့ ၂၂ လမ်းနဲ့ ၂၆ လမ်းမှာ ကျင်းပတဲ့ လှုပ်ရှားမှု စတင်တဲ့ ပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က "မန္တလေးက ဒီရက်ပိုင်းမှာ ပိုးတွေ့ရှိမှု့ကျဆင်းလာပါပြီ။ မန္တလေးက ဈေးချိုတော်တို့ ကျောက်ဝိုင်းတို့ကိုလည်း ပြန်ဖွင့်ပေးချင်ပါပြီ။ ဒါကြောင့် စည်းကမ်းလိုက်နာကြပါ။ ဒီလှုပ်ရှားမှုကို ၂ လကြာပြုလုပ်မှာဖြစ်တယ်" လို့ ပြောပါတယ်။ နှာခေါင်းစည်းတပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါဆိုတဲ့ အသိပေးဆိုင်းဘုတ်တွေကို ဒီနေ့ဆေးရုံကြီး ၃ ခုမှာ စိုက်ထူသွားမှာဖြစ်ပြီး ရပ်ကွက်တွေအတွင်းမှာလည်း အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ -Unicode --------- ဗိုင်းရပ်စ်ကာကွယ်ရေးနည်းလမ်းတွေကို တစ်ဦးနဲ့တစ်ဦးသတိပေးရေး လှုပ်ရှားမှု မန္တလေးမှာ စတင် ~~~~ ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးနည်းလမ်းတွေကို တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေး ပါဆိုတဲ့ လှုပ်ရှားမှုကို မန္တလေးမြို့မှာ ဒီနေ့စတင်ဆောင်ရွက်ပါတယ်။ ဒီလှုပ်ရှားမှုမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့၊ ကျန်းမာရေး သတိတွေထားဖို့ စတဲ့ ဗိုပ်းရပ်စ်ကာကွယ်ရေးနည်းလမ်းတွေကို ကျန်းမာရေးဝန်ထမ်းတွေ၊ လူမှုအဖွဲ့အစည်းတွေ က ရပ်ကွက်တွေအတွင်း လိုက်လံသတိပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ မန္တလေးမြို့ ၂၂ လမ်းနဲ့ ၂၆ လမ်းမှာ ကျင်းပတဲ့ လှုပ်ရှားမှု စတင်တဲ့ ပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က "မန္တလေးက ဒီရက်ပိုင်းမှာ ပိုးတွေ့ရှိမှု့ကျဆင်းလာပါပြီ။ မန္တလေးက ဈေးချိုတော်တို့ ကျောက်ဝိုင်းတို့ကိုလည်း ပြန်ဖွင့်ပေးချင်ပါပြီ။ ဒါကြောင့် စည်းကမ်းလိုက်နာကြပါ။ ဒီလှုပ်ရှားမှုကို ၂ လကြာပြုလုပ်မှာဖြစ်တယ်" လို့ ပြောပါတယ်။ နှာခေါင်းစည်းတပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါဆိုတဲ့ အသိပေးဆိုင်းဘုတ်တွေကို ဒီနေ့ဆေးရုံကြီး ၃ ခုမှာ စိုက်ထူသွားမှာဖြစ်ပြီး ရပ်ကွက်တွေအတွင်းမှာလည်း အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ -Zawgyi -------- Photo- Khaymani Win/RFA Crd